ဝေးလံခေါင်ဖျားဒေသသတင်းများ

ကောလင်းမြို့၌ (၂၄)ကြိမ်မြောက် အသက်(၆၀)ပြည့်နှင့်အထက် အငြိမ်းစား ဆရာ၊ဆရာမကြီးများအား အာစရိယပူဇော်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၌ (၂၄)ကြိမ်မြောက် အသက်(၆၀)ပြည့်နှင့်အထက် အငြိမ်းစား ဆရာ၊ဆရာမကြီးများအား အာစရိယပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

(၇၂)ကြိမ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် စုပေါင်းအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ပြည်မြို့၌ ကျင်းပ

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ပြည်မြို့နယ်၊ ပြည်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်မြို့ရှိ ဘုန်း‌တော်ကြီးကျောင်း(၁၆)ကျောင်းပူးပေါင်းကျင်းပသော (၇၂)ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စုပေါင်းအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ပြည်မြို့ စင်္ကြန်တောင်ဘုန်းတော်ကြီးသင် ပညာကျောင်း၌ ယနေ့ နံနက် ၈ နာရီအချိန်တွင်ကျင်းပပြုလုပ်သည်။

လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အကြီးတန်း ၊ အငယ်တန်း ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၅ နာရီက ရေဦးမြို့နယ် မန်ကျီးတောကျေးရွာ ဘိလိယက်ကစားရုံ၌ကျင်းပခဲ့သည်။

ဒီပဲယင်းမြို့နယ် အင်တိုင်းလေးကျေးရွာတွင်(၂၄)နာရီ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် အင်တိုင်းလေးကျေးရွာ(၂၄)နာရီ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲကို ယမန်နေ့ ညနေ(၅)နာရီက ထရန်စဖော်မာရှေ့တွင် ကျင်းပခဲ့ပါသည်။

ကော့သောင်းမြို့တွင် နိုင်ငံတကာနှစ်သစ်ကူးနေ့ ပျော်ရွှင်စွာဆင်နွှဲ

ကော့သောင်းမြို့တွင် ၂၀၁၉ ခုနှစ် မှ ၂၀၂၀ ခုနှစ်သို့ ကူးပြောင်းသည့် နိုင်ငံတကာနှစ်သစ်ကူးနေ့ ကြိုဆိုသည့်ပွဲတော်ကို ယမန်နေ့ ည ၇ နာရီမှ စတင်၍ ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်လမ်းဆုံ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နေပြည်သူများ အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများ ပျော်ရွှင်စွာဆင်နွဲခဲ့ကြကြောင်းသိရသည်။

၂၀၂၀ ပြည့်နှစ် လွတ်လပ်ရေးနေ့အကြို ပထမဆုံးအကြိမ် မိုက်ခရိုမာရသွန်ပြိုင်ပွဲ ယင်းမာပင်မြို့၌ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် လွတ်လပ်ရေးနေ့အကြို ပထမဆုံးအကြိမ် မိုက်ခရိုမာရသွန်ပြိုင်ပွဲကို ယနေ့ နံနက် ၅နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။

စပါယ်နံ့သာ-ကန့်ဘလူ-ကျွန်းလှလမ်းပိုင်းကတ္တရာလမ်းချဲ့ခြင်း၊ ထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းပုခုံးခင်းခြင်းလုပ်ငန်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ စပါယ်နံ့သာ-ကန့်ဘလူ-ကျွန်းလှလမ်းပိုင်းအား ကတ္တရာလမ်းချဲ့ခြင်း၊ ထပ်ပိုးလွှာခင်းခြင်းနှင့်ကျောက်ရောမြေလမ်းပုခုံးခင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲ ကျင်းပ

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့မကြက်တောင်ရုံဘေးကပ်လျက်ရှိ ဘော်လီဘော အားကစားကွင်း၌ စတင်ကျင်းပခဲ့ပါသည်။

Myanmar Countdown 2020 ပွဲတော်ကို မန္တလေးမြို့သူ၊ မြို့သားများ ပျော်ရွှင်စွာဆင်နွှဲကာ နှစ်သစ်ကို ကြိုဆို

Myanmar Countdown 2020 ပွဲတော်ကို ယမန်နေ့ ည ၉ နာရီမှ စတင်၍ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ကျုံးတောင်ဘက်ချမ်းရှိ မြို့တော်စည်ပင်သာယာရေးကော်မတီရုံး၊ မျက်နှာစာရှေ့၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးမြို့တော်သူ၊ မြို့တော်သားများ၊ အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများစုဝေးကာ ပျော်ရွှင်စွာ ဆင်နွဲခဲ့ကြ ကြောင်းသိရသည်။

ပုဂံဒေသ၏ နေဝင်ဆည်းဆာကြည့်ရှုရန်အတွက် နေဝင်ဆည်းဆာကြည့်ရှုရန် ပြုလုပ်ထားသည့် တောင်ကုန်းများတွင် ကြည့်ရှုသူများပြား

နှစ်သစ်ကူးရုံးပိတ်ရက် ပြည်တွင်းပြည်ပခရီးသွားများနှင့်မြန်မာပြည်အရပ်ရပ်မှဘုရားဖူးဧည့်သည်များ ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုဇုန်ရှိ သမိုင်းဝင်ဘုရားပုထိုများ၊ သမိုင်းဝင်သာသနိက အဆောက်အအုံးများတွင် လာရောက် လေ့လာသူ၊ ဘုရားဖူးသူ များပြားနေကြောင်းနှင့် ပုဂံနေဝင်ချိန် နေဝင်ဆည်းဆာကြည့်ရှုရန် ပြုလုပ်ထားသည့် တောင်ကုန်း(တု)များပေါ်တွင် ပုဂံနေဝင်ဆည်းဆာကြည့်ရှုသူများပြားနေကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ