ကချင်ပြည်နယ်

မချမ်းဘောမြို့နယ် အမှတ်(၁၃၇) ခြေလျင်တပ်ရင်းတပ်နယ် ကြိုတင်ဆန္ဒမဲများ မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံသို့အပ်နှံ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်းရှိ အမှတ် ၁၃၇ ခြေလျင်တပ်ရင်း တပ်နယ်ကြိုတင်မဲများအပ်နှံခြင်းကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် အများပြည်သူများ ကိုယ်တိုင်ဆန္ဒမဲ‌ပေးနည်းသရုပ်ပြပွဲဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်ဆန္ဒမဲပေးခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီကခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးကြပ်ဆောင်ရွက်မှုဖြင့် သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက် စာသင်ကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဗန်းမော်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကဖွင့်လှစ်သည့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ သင်တန်းအား တက်ရောက်ဖွင့်လှစ်ပေး

ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဗန်းမော်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ရွေးကောက် ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ရှင်းလင်းပြတ်သားစွာ သိရှိနားလည်စေရန် ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနား မြို့နယ်စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပညာရေဒီဂရီကောလိပ် (မြစ်ကြီးနား)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းတွင်း အားကစားပြိုင်ပွဲများဖြစ်သည့် အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများအား တက်ရောက်ဖွင့်လှစ်ပေး

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းတွင်း အားကစားပြိုင်ပွဲများဖြစ်သည့် အမျိုးသား/ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၈ နာရီက ငြိမ်းချမ်းသာယာအားကစားကွင်းအတွင်းရှိ ငြိမ်းချမ်းသာယာဖူဆယ်အားကစား ရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဖွင့်လှစ်ပေးသည်။

မြစ်ကြီးနားမြို့အတွင်းရှိ အာမခံအလုပ်သမား (၃၀၀)ဦးတို့၏ သားသမီး(၄၀၀)ကျော်တို့အတွက် ပညာသင်စရိတ်ထောက်ပံ့ခြင်းနှင့် မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်နှင့် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အကျိုးခံစားခွင့်များ ထောက်ပံ့ပေးအပ်

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အတွင်းရှိ အာမခံ အလုပ်သမားများ၏ သားသမီးများအား ပညာသင်စရိတ် ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်နှင့် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အကျိုး ခံစားခွင့်များ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အလုပ်သမား ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းရှိန်တို့ တက်ရောက်ကြသည်။

မိုးညှင်းမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက် (၉) နာရီက ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ

နှစ်စဉ် နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ကာလအား အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုကာလအဖြစ် သတ်မှတ် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၈ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ အမျိုးသမီးများအပေါ် ဒီဂျစ်တယ်အကြမ်းဖက်မှုပပျောက်ရေးအားလုံး ပူးပေါင်းဆောင်ရွက်ပေး ဆောင်ပုဒ်ဖြင့် အဆိုပါ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ကျင်းပ ပြုလုပ်သည်။

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ဝိုင်းမော်မြို့နယ်အတွင်းရှိ အခြေခံကျောင်းများ၌ Grade-12 အောင်ချက်မြင့်မားရေးအတွက် ကျောင်းသုံးစာရေးကိရိယာများ၊ ထောက်ပံ့‌ငွေများ ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲများနှင့် Grade-12 အောင်ချက်မြင့်မားရေးအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးကောင်းမြိုနယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးဆိုင်ရာ ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေး

အရည်အချင်းမြှင့်မားသည့် လူစွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေးအတွက် ပညာထူးချွန်ပြီး စာရိတ္တကောင်းမွန်၍ ကျန်းမာကြံ့ခိုင်သော ကျောင်းသားလူငယ်များရွေး ချယ်ရာတွင်ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အဆင့်ကိုယ်ကာယကြံ့ခိုင်ရေး စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့အားကစားကွင်း၌ ဒီဇင်ဘာ(၅)ရက် နံနက်(၈)နာရီတွင် ပြုလုပ်သည်။

ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် စောင်၊ အခင်း၊ မီးဖိုဆောင်သုံးပစ္စည်းများနှင့် ဆောက်လုပ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီအနေဖြင့် ပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာပြည်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ရှိ ဂျာမိုင်ကောင်းတိုက်ပွဲရှောင်စခန်းနှင့် ဒူကထောင် တိုက်ပွဲရှောင်စခန်းရှိ ဖားကန့်မြို့နယ်မှ တိမ်းရှောင်လာကြသည့် တိုက်ပွဲရှောင်ပြည်သူများအတွက် ဆောင်း တွင်းကာလ လိုအပ်သည့်အသုံးအဆောင်များဖြစ်သည့် စောင်၊ အခင်း များအပြင် မီးဖိုဆောင်သုံး ပစ္စည်းများနှင့် ဆောက်လုပ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်