ကချင်ပြည်နယ်

တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ်လက်ရွေးစင် ဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများ ပေးအပ်

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ သို့ သွားရောက်ယှဉ်ပြိုင်နိုင်ရေး ကချင်ပြည်နယ်မှ အသက်(၁၈)နှစ်အောက် လက်ရွေးစင် ဘောလုံး အသင်းအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပူတာအိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ လွှတ်တော်အတွေ့အကြုံရှင်းလင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံသည် ကချင်ပြည်နယ်လွှတ်တော်၏ တိုင်းရင်းသားလူမျိုးများရေးရာကော်မတီဥက္ကဋ္ဌ ဦးချန်းဂျောင်ဆားရ်၊ ဥပ‌ဒေကြမ်းရေးဆွဲရေးကော်မတီဥက္ကဋ္ဌ ဦးမြအုန်း၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးခေါ်ဆာ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ပြည်သူ့ငွေစာရင်းဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါ်မိုးသီတာသိန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ မေ(၁၂)ရက် နံနက်(၉)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့်ဒေသခံပြည်သူများတွေ့ဆုံ၍ လွှတ်တော်အတွေ့အကြုံရှင်း လင်းသည်။

မြစ်ကြီးနားမြို့နယ်အတွင်း ရက်(၁၀၀) စီမံချက်ဖြင့် သစ်တောသစ်ပင် ထိန်းသိမ်း‌ရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု တားဆီးရေးအသိပညာပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် သစ်တောဦးစီးဌာနက ရက်(၁၀၀) စီမံချက်ဖြင့် ကျေးရွာ/ ရက်ကွက်များရှိ ဒေသခံပြည်သူများ သစ်‌တောသစ်ပင်များကို တန်ဖိုးထားမြတ်နိုးထိန်းသိမ်း တက်လာ‌ စေရေးအတွက် သစ်တောသစ်ပင်ထိန်းသိမ်းကာကွယ်‌ရေး သိ‌ကောင်းစရာများနှင့် မီးခိုးမြူငွေ့ညစ်ညမ်း မှု တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ မေ ၁၂ ရက် နံနက် ၁၁ နာရီခွဲက ပလန (၂) ကံကော်မြိုင်ကျေးရွာရှိ ခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ  ရဝမ်ယဉ်ကျေးမှုပြတိုက်အားကြည့်ရှုလေ့လာ၊ မချမ်းဘောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲတက်ရောက်

ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံသည် ကချင်ပြည်နယ်လွှတ်တော်၏ တိုင်းရင်းသား လူမျိုးများရေးရာကော်မတီဥက္ကဋ္ဌ ဦးချန်းဂျောင်ဆားရ်၊ ဥပ‌ဒေကြမ်းရေးဆွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမြအုန်း၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးခေါ်ဆာ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ပြည်သူ့ငွေ စာရင်းဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါ်မိုးသီတာသိန်း၊လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ မေ(၁၁)ရက်နံနက်ပိုင်းက ရဝမ်ယဉ်ကျေးမှု ပြတိုက်အားကြည့်ရှုလေ့လာပြီး မချမ်းဘောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲတက်ရောက်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၆ ခုနှစ်၊ ဝန်ကြီးချုပ်ဖလား (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မေလ ၉ ရက်နေ့ညနေ ၃ နာရီခွဲက မြစ်ကြီးနားခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ငြိမ်းချမ်းသာယာဘော်လီဘောအားကစားရုံ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လှပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

ကချင်ပြည်နယ်၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ၂၀၂၆-၂၀၂၇ ခုနှစ် ကချင်ပြည်နယ်အတွင်း မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

၂၀၂၆-၂၀၂၇ ခုနှစ် ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမည့် မိုးစပါးအပါအဝင် မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ယမန်နေ့နံနက် ၉ နာရီက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအ‌ဝေးခန်းမ၌ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ ပြုလုပ်သည်။

နမ္မတီးမြို့၌ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ကြီးမှူး၍ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို နမ္မတီးမြို့ မူလွန်ကျောင်း၌ ယမန်နေ့နံနက် (၁၁) နာရီတွင် ကျင်းပခဲ့သည်။

ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင် မြို့နယ်အတွင်း ရှမ်းတိုင်းရင်းသား မျိုးနွယ်စုပေါင်းစုံ (အမျိုးသား)ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေးနှင့် ရှမ်းတိုင်းရင်းသား မျိုးနွယ်စု စာပေယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံ

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင်သည် မိုးညှင်းမြို့နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စု စာပေယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲကို မေ(၉)ရက် နေ့လည်ပိုင်းက အရှေ့ကျောင်းပရိယတ္တိ စာသင်တိုက်၌ ကျင်းပသည်။

ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ  ၂၀၂၆-ခုနှစ် မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဖလား အမျိုးသား/အမျိုးသမီး(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနား တက်ရောက်ချီးမြှင့်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းကကြီးမှူး၍ လူငယ်များစိတ်ကို ပြောင်းလဲစေသောမူးယစ်ဆေးဝါးများကို ရှောင်ရှားတတ်စေရန်၊ လူငယ်ထုများ အားကစားကို စိတ်ပါဝင်စားပြီး အားကစားသမားကောင်းများပေါ်ထွက်လာစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက် လိုသောအလေ့အထများ ကိန်းအောင်းလာစေရန်ရည်ရွယ်၍ကျင်းပခဲ့သော၂၀၂၆-ခုနှစ် မြို့နယ်ရဝမ် စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဖလား အမျိုးသား/အမျိုးသမီး(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို မေ(၉)ရက် မွန်းလွဲ (၂)နာရီက ပူတာအိုခရိုင် ပြည်သူ့အားကစားကွင်း၌ ကျင်းပရာ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံတက်ရောက် ချီးမြှင့်သည်။

မြစ်ကြီးနားမြို့လူထုအခြေပြုဗဟိုဌာန (Community Centre)၌ မူးယစ်‌ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ

မူးယစ်ကင်းစင်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေး ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ၌ မူးယစ်‌ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်