နယ်ရုံးများ၏သတင်းများ

Mar 31,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံ တစ်ဝှမ်း၌ မတ်လ (၃၁) ရက် နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့နယ်မှ တက္ကသိုလ်ဝင် စာမေးပွဲ မြန်မာ စာဘာသာရပ်ကို  ကျောင်းသား/ကျောင်းသူ (၁၉၀၅ ) ဦးမှ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိ ကြောင်း သိရသည်။
Mar 31,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့ နံနက် (၉)နာရီ အချိန်က ကော့ကရိတ်ခရိုင်အတွင်းရှိ စာစစ်ဌာန (၇)ခုတို့တွင် ကျောင်းသား၊ ကျောင်းသူ (၁၆၈၃)ဦးတို့က ဝင်ရောက် ဖြေဆိုခဲ့ပြီး ပျက်ကွက်သူ (၁၇၈) ဦးရှိခဲ့ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
Mar 31,2022
၂၀၂၁-၂၀၂၂ပညာသင်နှစ်အတွက်တက္ကသိုလ်ဝင်စာ​မေးပွဲများကို မတ်လ (၃၁)ရက်​နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကျင်းပလျက်ရှိရာ ပိုင်ကျုံမြို့တွင်လည်း​ကျောင်းသား၊​ကျောင်းသူများ  တည်ငြိမ်​အေးချမ်းစွာ ​ဖြေဆိုလျက်ရှိ​ကြောင်း သိရသည်။
Mar 31,2022
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ Talk  Show ကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပ သည်။
Mar 31,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် ဇီးအိုင်တဲတိုက်နှင့် အောက်ယာတဲတိုက်သို့ ယနေ့ နံနက် ၁၁ နာရီအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူ တော်အသင်း ဦးဝင်းမင်းထွန်းထံကသိရသည်။
Mar 31,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ ၂၀၂၁-၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို နိုင်ငံနှင့် တစ်ဝန်းရှိ အခြေခံပညာ အထက်တန်းကျောင်းများအားလုံးတွင် တစ်ပြိုင်တည်း ဖြေဆိုမည်ဖြစ်ရာ တံတားဦးမြို့နယ်ရှိ အခြေခံပညာအသထက်တန်းကျောင်းတွင်လည်း ယနေ့နံနက်(၉)နာရီက မြန်မာ စာမေးခွန်းကို စတင်ဖြေဆိုနေပြီဖြစ်ကြောင်း သိရသည် ။
Mar 31,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြိုနယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးလျက်ရာ အဋ္ဌမအသုတ် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယမန်နေ့နံနက် ၉ နာရီ အချိန်မှ စတင်၍ ဆေးထိုးစုရပ်အသီးသီးတို့တွင် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
Mar 31,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမရက် မြန်မာစာဘာသာကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ ကျောင်းသား/သူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။