နယ်ရုံးများ၏သတင်းများ

Mar 31,2022
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက် ၉ နာရီက ရေနံချောင်းမြို့ အ.ထ.က(၁)စာစစ်ဌာနတွင် စာဖြေခန်း ၃၈ ခန်းဖွင့်လှစ် ကျင်းပလျက် ရှိရာ မြန်မာစာဖြေဆိုသည့် ပထမနေ့တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း အသီးသီးမှ စာမေးပွဲဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသူ ၁၁၁၅ ရှိသည့်အနက်လာရောက်  ဖြေဆိုသူ ၁၀၂၃ ဦး၊ ပျက်ကွက်သူ ၉၂ ဦး စုစုပေါင်း ဖြေဆိုမှုရာခိုင်နှုန်း ၉၁.၇၅ ရာခိုင်နှုန်းရှိ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Mar 31,2022
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မင်းပြားမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂  ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သတ်မှတ်ကျောင်းစာစစ်ဌာန အသီးသီး၌မြန်မာစာ ဘာသာရပ်ကိုစတင်ဖြေဆိုလျက်ရှိသည်။
Mar 31,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်မြန်မာ့စီးပွါးရေးဘဏ်တွင်၂၀၂၂ခုနှစ်၊ မတ်လ အတွက်အငြိမ်းစားလစာငွေ ထုတ်ယူခွင့်ရှိသည့် အငြိမ်းစားဝန်ထမ်းပေါင်း (၄၃၈)ဦးရှိသည့် အနက် မတ်လ(၂၁ရက်မှ ၃၁ရက်နေ့)အထိအငြိမ်းစားဝန်ထမ်းပေါင်း(၂၃၉)ဦးက ကိုဗစ်-၁၉ ကာကွယ်ရေးလမ်း ညွှန်ချက်များနှင့်အညီပင်စင်လစာငွေများကို ပုံမှန်လာရောက်ထုတ်ယူကြ ရာ ပင်စင်လစာငွေ(၄၂၈၅၅၃၂၅/၇၄)ကျပ်အား ထုတ်ပေးခဲ့ကြောင်း မြန်မာ့စီးပွါးရေး ဘဏ်မှ သိရသည်။
Mar 31,2022
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား သတ္တမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစ၍ မြို့နယ် မိခင်ကလေး ကျန်းမာရေးဌာန၊ သုခချမ်းသာကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုအထောက်အကူပြု အသင်းနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 
Mar 31,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ရဲသာကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)မြေနေရာအတွက် မြေယာလျော်ကြေးပေးအပ်သည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 31,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက်( ၉)နာရီမှစတင်၍ တက္ကသိုလ်ဝင် ကျောင်းသား/သူ များစိတ်အေးချမ်းစွာဖြင့် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 31,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကို ယနေ့ နံနက် (၉) နာရီမှ စတင်ကာ ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 31,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံနှင့်တစ်ဝှမ်း ယနေ့မှစ၍ စတင် ဖြေဆိုလျက်ရှိရာ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိ ကြောင်းသိရသည်။