နယ်ရုံးများ၏သတင်းများ

Mar 31,2022
မိတ္ထီလာမြို့နယ် အလည်ရွာကျေးရွာအုပ်စု ရေငံကျေးရွာ(အရှေ့)ရှိ ဓမ္မအလင်းမြတ်ဘုန်းတပ်ကုန်း စာကြည့်တိုက်ဖွင့်ပွဲနှင့် စာအုပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က အဆိုပါ စာကြည့်တိုက်၌ ကျင်းပကြောင်း သိရသည်။
Mar 31,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုံးပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ် မှုဖြင့်မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း စုရပ်နေရာများအလိုက် ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
Mar 31,2022
ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့များအတွင်း စာမေးပွဲဖြေဆိုကြမည့်ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာဖြင့်စာဖြေဆိုနိုင်ရန် အတွက် ယမန်နေ့ညနေပိုင်းအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသီဟမြင့်ဆွေနှင့်တပ်ဖွဲ့ဝင်များမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ကြစေရေးတို့အတွက် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြသည်။
Mar 31,2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယမန်နေ့ ညနေ(၁၅၀၀)ချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားမန်ကရာတေးဒိုအသင်းတို့ပူးပေါင်း၍ လူငယ်လူရွယ်များကာယစွမ်းရည်တိုးပွားစေရေး၊ အားလပ်ရက်များကိုအချိန်အကျိုးရှိစွာအသုံးချတတ်စေရေး၊ ရန်သူများအား ခုခံနိုင်စွမ်းနှင့် ကျန်းမာကြံ့ခိုင်သော အနာဂတ်လူငယ်များဖြစ်စေရန် ရည်ရွယ်၍ နွေရာသီ အခြေခံကရာတေးဒို သင်တန်းဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
Mar 31,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မတ်လ(၃၁)ရက်နေ့ နံနက်(၉)နာရီမှ စတင်၍ တက္ကသိုလ် ဝင်စာမေးပွဲများကို စာစစ်ဌာန(၄)ခုတွင် စတင်ဖြေဆိုနေကြပြီ ဖြစ်ကြောင်း သိရသည်။
Mar 31,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ကော့သောင်းမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြှင့် စက်ချုပ်သင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပ ပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး သိန်းလင်း တက်ရောက်ချီးမြှင့်သည်။
Mar 31,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ “အိုမီခရွန်” ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်း များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာ ပေးနှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Mar 31,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကို ယနေ့၂၀၂၂ခုနှစ်မတ်လ(၃၁) ရက်နေ့မှ စတင်ကာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။