နယ်ရုံးများ၏သတင်းများ

Mar 31,2022
ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ကမမောင်းမြို့တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထမနေ့ မြန်မာစာဖြေဆိုခြင်းကို ကမမောင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
Mar 31,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်လွဲ (၁၀:၀၀)နာရီအချိန်က ကြည့်မြင်တိုင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 31,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်း​ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် ဖွင့်လှစ်သင်ကြားပေးသော ရှေးဦးသူနာ ပြုစုနည်း သင်တန်းတတိယမြောက် နေ့ကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက စတင်သင်ကြား ပေးသည်။
Mar 30,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင် စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Mar 30,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့၊ မွန်းလွဲ(၁) နာရီက မြို့နယ်ပညာရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
Mar 30,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ ၃၁ ရက်နေ့တွင် စတင် ကျင်းပမည် ဖြစ်ရာ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနအား ယမန်နေ့က မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 30,2022
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ခရိုင်ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနရုံးတွင် မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့်မီးငြှိမ်းသတ်သရုပ်ပြခြင်းလုပ်ငန်းများကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က  ဆောင်ရွက်ခဲ့သည်။
Mar 30,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပမည့် စာစစ်ဌာန ကျောင်းများအား ကျောင်း သား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို  ယနေ့နံနက် ၁၀ နာရီကတာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရစစ်ဆေးခဲ့ကြောင်း သိရသည်။