နယ်ရုံးများ၏သတင်းများ

Mar 30,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား) ၌ အလွတ်တန်းဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဧပြီလ(၇)ရက်နေ့မှ (၉)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
Mar 30,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၏ ကျောင်းဆင်းလက်မှတ် ဂုဏ်ပြုချီးမြင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ပြုလုပ် ခဲ့ကြောင်း သိရသည်။
Mar 30,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ တိရိစ္ဆာန်ကူးစက် ရောဂါကင်းရှင်းမှု စူးစမ်းထောက် လှမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Mar 30,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြင်းခြံမြို့ပေါ် ရပ်ကွက်များသို့ ယနေ့နေ့လည် ၁ နာရီ အချိန်တွင် အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Mar 30,2022
မန္တလေးတိုင်း‌ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အတွင်း အသက်(၁၆) နှစ်နှင့်အထက် အကျုံးဝင်သူများအာ ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေး နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် လည်ကောင်း၊ တည်းခိုနေထိုင်ရာတွင် လည်ကောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသ၍ ဆောင်ရွက်ရသည့် လုပ်ငန်းများတွင် လည်းကောင်း (၁.၄.၂၀၂၂)ရက်နေ့မှစ၍ နိုင်ငံသားကတ် (မှတ်ပုံတင်)အား ပြသစစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်း အသိပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို မတ်လ (၂၈)ရက်နေ့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Mar 30,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ရှေးဟောင်း သမိုင်းဝင်ရွှေမြင်တင် စေတီတော်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ယနေ့နံနက် (၉) နာရီက  တာဝန်ရှိသူများမှကပ်လှူပူဇော်ခဲ့ကြသည် ။
Mar 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အိမ်ထောင်စုလူဦး​ရေစာရင်းနှင့် နိုင်ငံသားစိစစ်​ရေးကတ်ပြားများ ကွင်းဆင်း​ ဆောင်ရွက်​ပေးလျက်ရှိရာ ယ​နေ့ နံနက်ပိုင်းက ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၁)ရပ်ကွက်၊ ငါးထပ်ကြီးဘုရားလမ်း၊ အင်ကြင်းမြိုင်အိမ်ရာတိုက် (၉) ရှိ ရပ်ကွက် အုပ်ချုပ်​ရေးမှူးရုံးတွင် ရပ်ကွက်​နေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း​ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။
Mar 30,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်က မေလလာ မီးသတ်စခန်းတွင်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။