နယ်ရုံးများ၏သတင်းများ

Mar 30,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေလျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ဖွေးဟုန်း၊ ပါဆန်း၊ ဟောင်ဟင် စသည့် ကျေးရွာများသို့ ဆက်လက်ပူး​ပေါင်းကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 30,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အသိပေးအချက်များကို ယမန်နေ့ ညနေပိုင်းက တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​​ရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အသိပေးနှိုးဆော်​ခြင်းများ ဆောင်ရွက်ခဲ့​သည်။
Mar 30,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့နေ့လယ်ပိုင်းအချိန်က Mytel Fiber ကုမ္ပဏီမှ Wifi စက် အခမဲ့တပ်ဆင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Mar 30,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်စေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက တောင်ဘီလူကျေးရွာ၌ ဆဋ္ဌမအကြိမ်မြောက်မြစိမ်းရောင် ကျေးရွာ စီမံကိန်းချေးငွေများထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Mar 30,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၂ခုနှစ် မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် ကိုဗစ်-၁၉ ညွှန်ကြားချက် များနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Mar 30,2022
မလှိုင်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနများသို့ တာဝန်ရှိသူများက ယနေ့နံနက် ၈ နာရီအချိန်မှစတင်၍ အဖွဲ့(၃)ဖွဲ့ဖြင့်  လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 30,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် လက်ဝှေ့ အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အားကစားနှင့် ကာယ ပညာကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ခရိုင် အားကစားခန်းမတွင် ကျင်းပခဲ့သည်။
Mar 30,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။