Mar 01,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်း၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ဦးတည် အုပ်စုအလိုက် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းအား ဆေးထိုးစုရပ်အလိုက် ထိုးနှံပေးလျက်ရှိရာ ဖေဖော်ဝါရီလ၂၈ ရက်က ကျန်းမာရေးလမ်းရှိ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် သားဖွားဆရာမ ဒေါ်မာမာခိုင်နှင့် ဝန်ထမ်းများကလည်းကောင်း၊ အလားတူ တကူတိုက်နယ် ဆေးရုံတွင် တာဝန်ခံ ဆရာဝန်ဒေါက်တာ ဖြိုးမြင့်ကြည်နှင့်ဝန်ထမ်းများကလည်းကောင်း အသက်(၁၈)နှစ်ပြည့်ပြီး သူများအား တရုတ်နိုင်ငံထုတ် (Sinopharm) (COVID-19) ရောဂါ ကာကွယ်ဆေးဖြင့်(ပဥ္စမ)အသုတ် ဒုတိယအကြိမ်အဖြစ် အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူ(၆)ဦး၊ စျေးသည် (၁)ဦး၊မှီခို(၄)ဦး၊ပေါင်း(၁၁)ဦး၊(ဆဋ္ဌမ) အသုတ် ဒုတိယအကြိမ် အဖြစ် အခြားဝင်ငွေရရှိသောလုပ်ငန်းလုပ်ကိုင်သူ(၂၅)ဦး ၊မှီခိုသူ (၁၄)ဦးပေါင်း(၃၉)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။