နယ်ရုံးများ၏သတင်းများ

Mar 01,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၌ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် အိုမီခရွန် ကူးစက်မြန် ရောဂါအကြောင်းနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
Feb 28,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ ပါးစပ်နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်း ( Mask Campaign ) ကို ဖေဖော်ဝါရီ လ ၂၈ ရက် နံနက် ၈ နာရီက မြို့မဈေးကြီးရှေ့တွင် ပြုလုပ်ခဲ့သည်။
Feb 28,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လုပ်ငန်းများကို အရှိန်မပျက် ဆက်လက် ဆောင်ရွက်လျက်ရှိရာ လွိုင်လင်မြို့နယ် အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်မှုမရှိစေရန် တောင်ကြီး-လွိုင်လင် ပြည်ထောင်စုကားလမ်းမပေါ်ရှိ မိုင်းပွန်မြို့အဝင်တွင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ပြန်လည်ဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Feb 28,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအေးနိုင်၏လမ်းညွှန်မှုအရ မောတောင်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ထိုက်၏ ကြီးကြပ်မှုဖြင့် မောတောင်မြို့အဝင် ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ယနေ့ နံနက် ၈နာရီအချိန်မှစ၍ လက်ရှိမှာကူးစက်မှုနှုန်း မြင့်တက် နေသောကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့်ဒေသခံ ပြည်သူများနှင့်ခရီးသွားပြည်သူများက နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျ ဝတ်ဆင်တတ်သည့် အလေ့အထများအား ပူးပေါင်း လိုက်ပါဆောင်ရွက်နိုင်ရန်အတွက်Mask ဝတ်ဆင်ခြင်းရှိ/မရှိစစ်ဆေး၍ Mask များဖြန့်ဝေပြီး Mask Campaign ပြုလုပ်ကြောင်း သိရသည်။
Feb 28,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာတွင် ယနေ့ နံနက် ၉ နာရီခွဲခန့်က နေအိမ်တစ်လုံး လျှပ်စစ်မီးသုံးစွဲရာမှတဆင့် ဝါယာရှော့ဖြစ်၍ မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
Feb 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ကျားဖြူခန်းမ ကာကွယ်ဆေးထိုးစုရပ်၌ အသက် (၁၂) နှစ်အထက် ပြည်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် အသက် (၁၈) နှစ်အထက် ပြည်သူများ အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ရုံးဖွင့်ရက်များကို နေ့လည် (၁) နာရီမှ ညနေ (၃) နာရီအချိန်အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Feb 28,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Feb 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ မာလာရာမ ကွက်သစ်ကျောင်းတိုက်အတွင်း အောက်ဆီဂျင် စက်ရုံသစ်ကို တည်ဆောက်ထားသည့် စိန်ရတနာ နာရေးကူညီမှု အသင်း၏ ရုံးသစ်ဖွင့်ပွဲ၊မော်ကွန်း ကမ္ဗည်းတင်ပွဲနှင့် အသင်း (၁၈)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ယမန် နေ့ နံနက် (၉) နာရီအချိန်က မာလာရာမ ကွက်သစ်ကျောင်း တိုက်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက် များနှင့်အညီ ကျင်းပပြုလုပ် ခဲ့သည်။