နယ်ရုံးများ၏သတင်းများ

Mar 04,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသည့် ပြည်သူများအား ဆက်လက် ထိုးပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲအချိန်တွင် ကာကွယ်ဆေး (၂၀၁၀၀၁)ဦးထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။
Mar 04,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မသန်စွမ်းသူများနှင့် ပတ်သက်၍ အသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Mar 04,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ကြက်သွန်မျိုးပန်းစိုက် တောင်သူများအောင်မြင် ဖြစ်ထွန်းကာ ကြက်သွန်မျိုးပန်းစိုက်တောင်သူများ ဝမ်းသာ လျက်ရှိပြီး ပြန် ရောင်းချိန် ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း သိရသည်။
Mar 04,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ရှိ ကျေးလက်နေပြည်သူများအတွက် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၁ -၂၀၂၂ ကာလတို ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ ကျပ်သန်း ပေါင်း(၇၀၀၀)ကျော်ဖြင့် လမ်းလုပ်ငန်း(၄၁)ခုနှင့် တံတားလုပ်ငန်း(၃၃)ခုကို မြို့နယ်များတွင် ဆောင်ရွက်လျက်ရှိရာ တည်ဆောက်‌ရေးလုပ်ငန်းများ (၉၀) ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ခရိုင်ကျေးလက်လမ်း ဖွံဖြိုးရေးဦးစီးဌာနမှ သိရသည်။
Mar 04,2022
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ၂ဝ၂၂ခုနှစ်၊ မတ်လ(၃၁)ရက်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲသို့ ကျောင်းသား/သူ(၆၆၅) ဦးဝင်ရောက်ဖြေဆိုရန် ဖြေဆို ခွင့် လျှောက်လွှာများ တင်သွင်း ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Mar 04,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်၏ လမ်းညွှန်မှု ဖြင့် တနင်္သာရီမြို့ အဝင်/အထွက်နေရာ တနင်္သာရီတံတားထိပ် နဂါးရုပ်တုအရှေ့ရှိ စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ကူးစက်မြန် မျိုးရိုးဗီဇပြောင်းရောဂါပိုး ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်အလှည့်ကျ ဌာနဆိုင်ရာအဖွဲ့ ကနေ့စဉ်ဆောင်ရွက်လျက်ရှိရာ မတ်လ ၃ ရက်နေ့ နံနက် ၉ နာရီခွဲမှစ၍ ညနေ ၄ နာရီခွဲအချိန်အထိ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် ခရီးသွား မိဘ ပြည်သူများအား ကျန်းမာရေး ကောင်းမွန်မှုရှိ/မရှိကိုယ်အပူချိန်တိုင်းပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး နှံပြီးကြောင်းအထောက်အထား (သို့) လက်မှတ်ပါ/မပါစစ်ဆေးခြင်း များကိုအရှိန်ဟုန် မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Mar 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပိုင်ကျုံတိုက်နယ် ဆေးရုံ၌ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ပြည်သူများအား Hand Speaker ဖြင့် အသိ‌ပေး နှိုးဆော်ခဲ့သည်။
Mar 04,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ ပူး‌ပေါင်းဆောင်ရွက်တက် သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ အားကစားလှုပ်ရှားမှု ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာ‌ရေးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။