နယ်ရုံးများ၏သတင်းများ

Mar 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင် စေရန်နှင့်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ပိုင်ကျုံမြို့အတွင်းရှိ ပိုင်ကျုံတိုက်နယ်ဆေး ရုံတွင် ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လမှ စတင်ခဲ့ရာ ယနေ့တွင် သတ္တမအသုတ်အထိ အကြိမ်ပြည့်ထိုးနှံပြီးစီးခဲ့ပြီး ဖြစ်သည်။
Mar 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် သောက်တော်ကျေးရွာအုပ်စု၊ နောင်ခွီးကျေးရွာတွင် ကျေးလက်နေပြည်သူများ သွားလာရေးအဆင်ပြေစေရန်နှင့် ကုန်စည်စီးဆင်းမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ (၉၀)ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
Mar 04,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များတွင် နေထိုင်နေကြသည့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် မီးဘေးအန္တရာယ ်ကြိုတင်ကာကွယ်ရေး အသိပညာပေး စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Mar 04,2022
မိတ္ထီလာမြို့နယ်ရှိ ကျေးရွာများတွင် မိသားစုဝင်ငွေရလုပ်ငန်းအဖြစ် ထန်းတက်လုပ်ငန်းလုပ်ကိုင်သော ဒေသခံတောင်သူများအနေဖြင့် ထန်းပင်ပြုပြင်ခုတ်ဖြတ် ရာမှရရှိသော ထန်းလက်များရောင်းချ၍ မိသားစုပိုငွေဝင်ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Mar 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင် ရှမ်းရွာသစ်မြို့၌ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ်ထိုးနှံထားသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှ စတင်ကာမြို့အတွင်းရှိ အသက် (၁၈)နှစ် ပြည့်ပြီးသူများအား လူမျိုး ဘာသာမရွေးထိုးနှံပေးနေပြီဖြစ်ကြောင်း ရှမ်းရွာသစ် မြို့ကျေးလက် ကျန်းမာရေးဦးစီးဌာန၊ သားဖွားဆရာမဒေါ်နန်းစုစုအောင် ထံမှသိရသည်။
Mar 04,2022
အညာဒေသဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စားသုံးဆီဈေးနှုန်းမြင့်မားနေသော်လည်း၊ နှစ်စဉ်နှစ် တိုင်း ပြုလုပ်ဆောင်ရွက်နေကြဖြစ်သည့် ပုန်းမကြီးရှင် မပူဇော်ပသခြင်းနှင့် အခါမုန့်ပေးပို့ခြင်းများ ပြုလုပ်လျက်ရှိပြီး၊ ပုန်းမကြီးရှင်မ ပူဇော်ပသခြင်းကို တပေါင်းလဆန်း(၃)ရက်ဖြစ်သည့်၊ ယနေ့၊ နံနက်အရုဏ်တက်ချိန်တွင် စတင်ပြုလုပ်လေ့ရှိကြကြောင်း သိရသည်။
Mar 04,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအတွင်း ကိုဗစ်-၁၉ရောဂါ လျော့နည်းကျဆင်းစေရေးအတွက် ကာကွယ်ဆေးများကို အသက်(၆၅) အထက်ပြည်သူများအားယနေ့နံနက်(၉)နာရီက (Booster Dose )ကာကွယ်ဆေးများကို စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။