နယ်ရုံးများ၏သတင်းများ

Feb 28,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ခိုကိုးရာမဲ့ မိဘမဲ့ကလေးငယ်များ ပြုစုပျိူးထောင်နိုင်ရန် "သု၀ဏ္ဏဘူမိဗောဓိမေတ္တာ" မိဘမဲ့ပရဟိတကျောင်းကို သထုံရွှေတံခါးဆေးဆရာတော်၊ နယ်လှည့်သာသနာပြု ဓမ္မကထိကအရှင်ကုဝေရမှ ဦးစီး ဆောက်လုပ်သွားမည်ဖြစ်ရာ အဆောက်အဦများ တည်ဆောက်နိုင်ရန်အတွက်လိုအပ်သည့် မြေနေရာအား အလှူရှင် မိသားစုတို့က ယမန်နေ့ မွန်းလွဲပိုင်းက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Feb 28,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Feb 28,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် နနွင်းစိုက်ဧက (၁၀၀၈)ဧက စိုက်ပျိုးထားရှိရာ နနွင်းစိုက်ခင်းများ စတင်တူးဖော်လျက်ရှိပြီး အထွက် နှုန်းကောင်းပြီးရောင်းချရာတွင် ဈေးကောင်းရသဖြင့် နနွင်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း စပါယ်တောကျေးရွာမှ တောင်သူ ဦးကျော်ဝင်းက ပြောပြသည်။
Feb 28,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ပေါက်တောရပ်ကွက် အမှတ်(၁)လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းပေး ခြင်းဖြင့် အိမ်ထောင်စု(၁၁၀၂)စု ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရှိရသည်။
Feb 28,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် သောက်သုံးရေအခက်အခဲရှိသော ကျေးရွာများအား သောက်သုံးရေ ဖူလုံစွာရရှိရေး ဆောင်ရွက်ပေးလျက်ရှိရာ ကြောင်ကျေးရွာတွင် ရေပေးဝေရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ပေးမှုကြောင့် ပြည်သူများ သောက်သုံးရေ ဖူလုံစွာရတော့မည် ဖြစ်ကြောင်း သိရှိရသည်။
Feb 28,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ မိုင်းယုမြို့ ဒေသအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား တစ်လလျှင် တစ်ကြိမ်နှုန်းဖြင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းစီ ဆွမ်းဆန်တော်များကို လှူဒါန်းလျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့မရပ်ကွက်၊ ဒေါင်နေကျေးရွာရှိ ဘုန်ကြီးကျောင်းသို့ သွားရောက်ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
Feb 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၁၀) အချိန်ခန့်က ပဇီကျေးရွာ အုပ်စု၊ မိုက်ဟုန်းကျေးရွာ အတွင်းရှိ ပြည်သူများကို သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိသည်။
Feb 28,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်ထွက် ကုလားပဲများ မနှစ်ကထက် ဈေးနှုန်း ပိုရသောကြောင့် ကုလားပဲစိုက်တောင်သူများ တွက်ခြေကိုက်နေကြ ကြောင်း ကုလားပဲစိုက်တောင်သူများထံကသိရသည်။