နယ်ရုံးများ၏သတင်းများ

Feb 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ကျောင်းအုပ်ကြီးများ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တိကျမှန်ကန်ပြီး ထိရောက်မှုရှိစေရန် ရည်ရွယ်၍ ကျောင်းအုပ်ကြီးများ စီမံ ခန့်ခွဲမှုသင်တန်းဖွင့်ပွဲကို ပိုင်ကျုံအ.ထ.ကကျောင်းတွင် ယနေ့နံနက်(၉)နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 26,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းနှင့် ပိုးသတ်ဆေး၊ မျိုးစေ့များ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပကြောင်း သိရသည်။
Feb 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့တွင်းသန့်ရှင်း သာယာလှပရေး အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်လမ်းနှင့် ကျောင်း သစ်လမ်းထောင့်ရှိ (၄)ထပ်ဝန်ထမ်းအိမ်ယာ အဆောက်အဦဝန်းနှင့် လမ်းဘေးဝဲယာများတွင် ဌာနဆိုင်ရာများ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Feb 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယရေးအဖွဲ့မှနှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့်မြို့သန့်ရှင်းသာယာလှပစရေးနှင့်ဖွံ့ဖြိုးတိုးတက်လာစေရေး၊မြို့တွင်းရပ်ကွက် များတွင်ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ (Box-Culvert)များ ပြုလုပ်ခြင်းအများ ပြည်သူသွားများလာမှု လွယ်ကူအဆင်ပြေစေရေး အတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာရှမ်းရွာသစ်မြို့အမှတ် (၂)ရပ်ကွက်၊ ခေတ်သစ္စာလမ်းအရှေ့ပိုင်း(Box- Culvert) ပြုလုပ်ခြင်းကိုမြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် ဖေဖော်ဝါရီလပထမအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Feb 26,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ဂုဏ်ပြုယာဉ်တတိယဆု၊ တူယှဉ်နွှဲပျော်ဂီတပွဲတော် တေးသီချင်းသီဆိုမှုပြိုင်ပွဲ တွင် ပထမ၊ ဒုတိယ ဆုရရှိသူများနှင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြခန်းများတွင် ဆုရရှိသူများအား ဂုဏ်ပြုပွဲအခမ်း အနားကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင် ဝင်း နှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့် တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီး များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆုရရှိသူများနှင့်ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြပါတယ်။
Feb 26,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ရှိသူများနှင့်ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံဆေးထိုးစုရပ်တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Feb 26,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကြအိုကျေးရွာအုပ်စု၊မြောင်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၁ရက်၊ နံနက် ၁၀ နာရီ ၁၀မိနစ်အချိန်ကမီးလောင်ကျွမ်းခဲ့သည့် အိမ်ထောင်စု များအတွက် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ ယနေ့နံနက် ၉နာရီအချိန်တွင် ကျေးရွာသူ/ကျေးရွာသားများအတွက် ဆန်နှင့်အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ ကြောင်း သိရသည်။
Feb 26,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇ​ပြောင်းမျိုးကွဲ သစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာ​ပေးနှိုး​ဆော်ခြင်း ကို မြို့နယ်စီမံ အုပ်ချုပ်​ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယမန်​နေ့ ည​နေပိုင်းက မြို့​ပေါ်ရပ်ကွက်နှင့် ​ကျေးရွာများသို့ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုး​ဆော်ခဲ့​ကြောင်း သိရသည်။