နယ်ရုံးများ၏သတင်းများ

Feb 10,2022
ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ထက်မြက်လာစေရန်၊ နှုတ်ပြောစွမ်းရည်မြင့်မားစေရန်၊ ရဲဝံ့စွာပြောဆို တတ်စေရန်နှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာရသည့် ဗဟုသုတများ သိရှိနားလည်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 10,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ယနေ့ နံနက်(၁၀:၀၀)နာရီ အချိန်က ဒို့ကျေးရွာ ဂျာနယ်အတွဲ(၁၉)၊ အမှတ်(၁)စာစောင်မှ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့်“ ဆန္ဒကြီးရင် ကြံသမျှ ပြီးမယ်”ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့သည်။
Feb 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းစံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ အခြေခံပညာ ကျောင်းများသို့ ကွင်းဆင်း၍ နယ်လှည့်လှုပ်ရှားမှု ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉နာရီတွင် မိုင်းစံအထက ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 08,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မသန်စွမ်းသူ များနှင့်ပတ်သက်၍ အသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Feb 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဘောဂလိမြို့ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး Talk Show ကို ယမန်နေ့ နံနက်ပိုင်းက Online မှတဆင့် အသိပညာပေး တင်ဆက်ပေးခဲ့ကြပါသည်။
Feb 07,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မြို့နယ် ကြက်ခြေနီအသင်း(ခွဲ)စီစဉ်မှုဖြင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ဦးဆောင်ပြီး ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက် ၉ နာရီက မြို့နယ် ကြက်ခြေနီ အသင်း(ခွဲ) ရုံး သင်တန်းခန်းမတွင် ရှေးဦးပြုစုခြင်း ( အခြေခံ)သင်တန်း (၁/၂၀၂၂)ဖွင့်လှစ်ခဲ့သည်။
Feb 07,2022
မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာခရိုင် ၊ သာစည်မြိုနယ်၌ မြို့နယ်သံဃာ့နာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြိုနယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က အမှတ်(၆)ရပ်ကွက်ရှိ၊ သာယာကုန်း‌ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 07,2022
ပဲခူး​တိုင်းဒေသကြီး ၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း၌ ဖေ​ဖော်ဝါရီလ ၅ ရက်​နေ့က မိုးများရွာသွန်းကာ လေပြင်းများတိုက်ခတ်ခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်။ ပျက်စီးဆုံးရှုံးခဲ့သည့်အိမ်​ထောင်စုအတွက် ထောက်ပံ့​ငွေပေးအပ်ခြင်းကို ဖေ​ဖော်ဝါရီလ(၇)ရက်​နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။