နယ်ရုံးများ၏သတင်းများ

Feb 07,2022
မြို့နယ်သံဃနာယက အဖွဲ့ဝင်များအနားယူခြင်းနှင့် ပြန်လည်အစားထိုးရွေးချယ်ဖွဲ့စည်းခြင်း ဆိုင်ရာ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ မြို့လယ်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 06,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့်ဖာပွန်ခရိုင်၊ ကမမောင်းမြို့ တွင် အလယ်တန်းအဆင့် မြို့နယ်ကျောင်းပေါင်းစုံ ကျပန်း၊စာစီစာကုံး၊ ဆောင်းပါး၊ပန်းချီ ပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်(၁၀)နာရီအချိန်က ကမမောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Feb 06,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်/စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ခင်းကျင်း ပြသခဲ့သည်။
Feb 05,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် အခြေခံပညာကျောင်းသား/ ကျောင်းသူ လေးများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုး ပွားလာစေရန်၊ စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိလာစေရန်နှင့် မှတ်ဉာဏ်စွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ် ဦးစီးမှူး ဦးနေမျိုးသူရိန်နှင့် ဝန်ထမ်းများသည် အခြေခံပညာကျောင်းများသို့ သွားရောက်၍ ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ နယ်လှည့်စာကြည်တိုက်ဖွင့်လှစ်ခြင်း၊ နံရံကပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်လျက် ရှိရာ ယမန်နေ့နံနက်(၉)နာရီခွဲက ညောင်ရွှေမြို့နယ်၊ တောင်ခြေမြင်းစာခွန့်ကျေးရွာအုပ်စု၊ ဝါးတော်အခြေခံပညာ မူလတန်းကျောင်း၌ နယ်လှည့် လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Feb 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမတွင်ယနေ့မွန်းလွဲ(၁)နာရီက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်း အမှတ် အကြိုစာအုပ်/စာစောင်ပြပွဲနှင့် ဆေးရောင်ခြယ်ခြင်း ပြိုင်ပွဲများကျင်းပပေးခဲ့ကြောင်း သိရသည်။
Feb 05,2022
ရှမ်းပြည်နယ် ( တောင်ပိုင်း )၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စာဖတ် စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။