နယ်ရုံးများ၏သတင်းများ

Sep 07,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်း မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာ၌ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံး ရှုံးစေရေး အတွက် မှတ်ပုံတင် မရှိသေး သူများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ရန်ကင်း မြို့နယ် အမှတ် (၈) ရပ်ကွက် ၊ နှင်းဆီလမ်း သာသနာ့ဂုဏ်ဆောင်ဓမ္မာရုံ တွင်  ကွင်းဆင်း ဆောင် ရွက်ပေးခဲ့ ကြောင်း သိရသည်။
Sep 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင် မြို့နယ်ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ် မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှုများ ရှိလာပြီး ကူးစက်နှုန်
Sep 07,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးကျေးရွာအနီးရှိ ကုန်းစုံတိုက်ပွဲရှောင်စခန်းမှ တိုက်ပွဲရှောင်ပြည်သူများ သောက်သုံးရေအလုံအလောက်ရရှိရေး ကွတ်ခိုင်မြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်း က သွားရောက်ကွင်းဆင်းစစ်ဆေးသည်။
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အင်္ဂပူမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ နိုင်ငံတော်အစိုးရမှ ငါးမွေးမြူရေး လုပ်ငန်းများပြန်လည် ဦမော့လာစေရေးအတွက် ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အင်္ဂပူမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဝေါလ်ဗွီးရှင်း(World Vision Myanmar) အဖွဲ့၏ အစီအစဉ်ဖြင့် မြို့နယ်တွင်းရှိ ကျေးရွာအချို့မှ ပြည်သူ(၃၂)ဦးအား ဩဂုတ်(၂၇) ရက်နေ့တွင် မိတ္ထီလာမြို့သို့ ယာဉ်မောင်းသင်တန်း စေလွှတ်ခဲ့ပြီး ၎င်းတို့နေရပ် ဘိုကလေးမြို့ သို့ ပြန်လာချိန် ယမန်နေ့တွင် အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်း၌ အသွားအလာ ကန့်သတ်(Facility Quarantine) ထားရှိခဲ့ကြောင်းသိရသည်။
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ နိုင်ငံတော် အစိုးရက ငါးမွေးတောင်သူများအား ပထမအကြိမ် ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၈ နာရီတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟော ပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Sep 07,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည့် ကိုဗစ်-၁၉ အတည်ပြုလူနာ အမှတ်-၁၁၅၅ တည်းခိုခဲ့သော ဟိုတယ်ဟူးကောင်း အား စက်တင်ဘာ (၆)ရက်မှစ၍ အဝင်/အထွက် ကန့်သတ် Lock Down ပြုလုပ်ထားကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။