နယ်ရုံးများ၏သတင်းများ

Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ် ရေးလုပ်ငန်းအတွက် Shelter(၁၅)လုံးတွင် လက်ဆေး ဘေစင်နှင့် ဆက်စပ်လုပ်ငန်းများပြုလုပ်ရန် ထောက်ပံ့ငွေ(၂၂၅)သိန်း ပေးအပ်ပွဲကို ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ အချိန်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးနှင့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြခြင်း ဖြင့် စားသုံးသူများအနေဖြင့် ရိုးရှင်းသောသတင်းအချက်များ ရရှိစေရန် ရည်ရွယ်၍ မြို့ပေါ် ရပ်ကွက်များနှင့် စည်ပင်သာယာမြို့မဈေးရှိ စတိုးဆိုင်နှင့် အလှကုန်ဆိုင်များအား ယမန်နေ့ နံနက် ၉ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ဘက်ရဲ့မြို့အတွင်းရှိ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ လိုင်စင်ချထားပေးသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားမှုများကို ယမန်နေ့ နံနက်ပိုင်းတွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြိုနယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် ရပ်ကွက်/ကျေးရွာအုပ်စုတွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းခွင် သင်တန်းကို ရွေးနဒီခန်းမနှင့် အ.ထ.က (၁)ကျောင်းတို့တွင် ယမန်နေ့ နံနက် ၈ နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ‌‌ ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 07,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ် စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 07,2020
ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာတို့တွင် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း (Village Revolving Fund Project -VRFP)ဖြင့် လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နေကြောင်းသိရသည်။
Sep 07,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း (Facility Quarantine) ၂ ခုဖြစ်သည့် အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းနှင့် ရက်ကန်းကျောင်းတို့တွင် ယမန်နေ့အထိစာရင်းအရ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ စုစုပေါင်း ၂၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။