နယ်ရုံးများ၏သတင်းများ

Sep 09,2020
ကိုဗစ်-၁၉ ရောဂါ ဘေးမှကင်းဝေးနိုင်စေရေးအတွက် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်း က ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
Sep 09,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် စျေးရောင်းဝယ်ကြသူများ Mask နှာခေါင်းစည်း တပ်ဆင်မှု ရှိ၊ မရှိကို ယနေ့ နံနက်ပိုင်းတွင် ငွေဆောင်မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။
Sep 09,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် သတိပေး နှိုးဆော်ချက်များ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ ပေးအပ်သော Hand Speaker များ ပြန်လည်ပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။
Sep 09,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် (Mask) နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းကို ယနေ့ နံနက် (၈)နာရီချိန်တွင် သဇင်ကျေးရွာအုပ်စုရှိ ကျေးရွာများ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 09,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသမှုပေးနိုင်ရေး လုပ်ငန်းများဆေင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် နှာခေါင်းစည်း (Face Mask)များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ ကျင်းပသည်။
Sep 09,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုကို ကာကွယ်၊ ထိန်းချုပ်၊ တုန့်ပြန်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ပြည်ပနှင့် အတည်ပြုလူနာ (၃)ဦးရှိသည့် ဒေသမှပြန်လည်ရောက်ရှိနေသူများအား သက်ဆိုင်ရာ Quarantine Center များတွင် စနစ်တကျထားရှိ၍ နှာခေါင်းနှင့် အာခေါင်တို့ဖတ်များ ရယူကာ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်ပေးလျက် ရှိပါသည်။
Sep 09,2020
မြောင်းမြခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၉)နာရီတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 09,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် အသိပညာပေး နှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့် က မြို့ပေါ်(၄)ရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။