နယ်ရုံးများ၏သတင်းများ

Feb 26,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ တရုတ်ပြည် ဝူဟန်မြို့မှ စတင်ဖြစ်ပွားသည့် 2019 Novel Coronavirus ​ရောဂါ ကာကွယ်နိုင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအားအသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့ နံနက်(၁၁)နာရီက ဆောင်ရွက်လျက်ရှိသည်။
Feb 26,2020
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီက နမ့်လစ်ကျေးရွာအုပ်စု လွယ်ဆိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
Feb 26,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီ က မြစ်သားမြို့နယ် တမာပင်ကျေးရွာအုပ်စု၊ တမာပင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ကျင်းပ ပြုလုပ်သည်။
Feb 26,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် “ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် သတိပြုကာကွယ်” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
Feb 26,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာရေးဆရာအောင်သစ်၏ “မိမိဘဝ မိမိထူထောင်” အောင်မြင်ရေးစာအုပ်ဖြင့် ယနေ့ နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
Feb 26,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ကျေးလက်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လူငယ်ရေးရာအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်သော "ကျေးလက်ဒေသ ဖွံ့ဖြိုးရေး" ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ရှမ်းရွာကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာ တာတွင်းကျောင်းဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Feb 26,2020
အာဆီယံ-ကိုရီးယား၏ အတူစာဖတ်ကြစို့ ပူတွဲစီမံကိန်းအရ စာဖတ်ပြပါ၊ အာဆီယံ - ကိုရီးယား စာအတူဖတ်စို့လား အစီအစဉ်အတွက် အသံထွက်၍ စာဖတ်ပြခြင်း သင်တန်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က မကွေးခရိုင် ပြန်/ဆက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သင်တန်းစတင် ဖွင့်လှစ်ပို့ချလျက်ရှိရာ ယမန်နေ့ သင်တန်းဒုတိယနေ့တွင် သင်တန်းသားသင်တန်းသူ အချင်းချင်း အသံထွက်၍ စာဖတ်ပြခြင်းကို ပူးပေါင်းလေ့ကျင့် ဆောင်ရွက်ခဲ့ပြီး သင်တန်း တတိယနေ့တွင် မကွေးမြို့ပေါ် အခြေခံပညာ ကျောင်းများမှ ကျောင်းသားကျောင်းသူများအား အသံထွက်၍ စာဖတ်ပြခြင်းများကို လက်တွေ့ဆောင်ရွက် ပေးကြမည်ဖြစ်ကြောင်း သိရသည်။
Feb 26,2020
မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့ (၁) နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာမှ ကြီးမှူး၍ မကွေးတိုင်းဒေသကြီး ဓမ္မကျောင်းတော်မှ ဖွင့်လှစ်သော (တိုင်းအဆင့်) နည်းပြဆရာဖြစ် သင်တန်းဆင်းပွဲကို တောင်တွင်းကြီးမြို့နယ် သဲကောသာသနာသီရိ ကျောင်းတိုက်တွင် ယမန်နေ့ နေ့လယ် (၁)နာရီက ကျင်းပသည်။