နယ်ရုံးများ၏သတင်းများ

Feb 27,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့သည့် လူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆန်းစစ်ဆွေးပွဲ(၂၀၁၉)ကို ယနေ့ နံနက်ပိုင်း တွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 27,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း(၄၅)ခုကို မြို့ပေါ်ရပ်ကွက်(၅)ခုတို့တွင် ဆောင်ရွက်နေကြောင်း ထန်းတပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒေါ်ခင်ခင်ဌေးထံမှသိရသည်။
Feb 27,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့ အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ချိုခန်းမတွင် ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါအကြောင်း အသိပညာပေး ပြည်သူ့စကားဝိုင်းကျင်းပခဲ့ကြောင်းသိရသည်။
Feb 27,2020
ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြို့ခံစာရေးဆရာကြီးများနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ စာပေချစ်မြတ်နိုသူများအဖွဲ့(Book Club)တို့ ပူးပေါင်းပြီး ယမန်နေ့ နံနက်(၉)နာရီခွဲတွင် စာရေးဆရာ ဖေမြင့်ရေးသားထားသည့် “ဘဝတစ်သက်တာရသစာများ” စာအုပ်ပါ အကြောင်းအရာများအား စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားခဲ့သည်။
Feb 27,2020
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့မှ ပူးပေါင်းကျင်းပသည့် စာရေးဆရာ မောင်မင်းစိုး၏ လူငယ်နဲ့အထက်တန်းစားစိတ်ဓာတ်ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ၁နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိမြို့နယ်လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ပြုလုပ်ကျင်းပသည်။
Feb 27,2020
ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း (Book Club) တို့ ပူးပေါင်း၍ ဒေါက်တာမတင်ဝင်း ၏ “ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးခြင်း” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ပြုလုပ်သည်။
Feb 27,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းကို ယနေ့ နံနက် ၉ နာရီတွင် စေတုတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌​ ကျင်းပသည်။
Feb 27,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆက်ရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "ကျေးလက်ဒေသဖွံဖြိုးရေး" ပြည်သူ့စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက မင်းရွာကျေးရွာ အုပ်စု၊ မင်းရွာကျေးရွာ ရွာလယ်(ဓမ္မာရုံ)၌ ကျင်းပသည်။