Feb 25,2020
မြန်အောင်မြို့နယ် ကျန်းမာရေးအထောက်အကူပြု အဖွဲ့အစည်းအဝေး ( Township Health Working Group Meeting)ကို ယနေ့ နံနက်က မြို့နယ်ပြည်သူ့ဆေးရုံ (၃)ထပ် အဆောင်သစ်တွင် ကျင်းပပြု လုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချိုချို၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ဝင်းနှင့်မြန်အောင် ပြည်သူ့ဆေးရုံ အထောက်အကူပြု အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဝန်ထမ်းများ၊ Essential Health Project မြို့နယ်ဝန်ထမ်းများ တက်ရောက် ခဲ့ကြသည်။