May 17, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် အရည်အသွေးမြင့်မားသော လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၌ ဖွင့်လှစ်ထားရှိသည့် တိရစ္ဆာန်ဆေးကုသိပ္ပံ ဒီပလိုမာသင်တန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 17, 2024
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ်(၂၇) ရဲရွာခန်းမ၌ ကျင်းပရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/ လုပ်ငန်း/ကော်ပိုရေးရှင်းတို့မှဥက္ကဋ္ဌ၊ ဒါရိုက်တာအဖွဲ့ဝင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ဝင်များ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ CPU အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။
May 17, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ယနေ့တွင် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ တောင်ငူ-နေပြည်တော် ရထားလမ်းပိုင်း၌ မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှုအခြေအနေများကို RBE ရထားဖြင့် လိုက်ပါစီးနင်း၍ စစ်ဆေးသည်။
May 17, 2024
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့၌ “ဥတုရာသီဒဏ်တွန်းလှန်နိုင်ရေး ရှေးဦးအရွယ် ကလေးသူငယ်ပညာရေးမှ အခြေချပေး” (Building Climate Resilience from the Start: Early Childhood Education for Sustainable Future) ဟူ သော ဦးတည်ချက်ဖြင့် ကျင်းပသည့် ASEAN Ministerial Meeting on Ensuring Equal Access to Quality Early Child- hood Development and Care အစည်းအဝေးသို့ တက်ရောက်သည်။
May 17, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ထန်းတောနှင့် ကြံပင်ကျေးရွာသို့သွားရောက်ပြီး အသင်းသားတောင်သူ ၆၁ ဦး၏ လယ်မြေ ၂၀၂ ဧကတွင် B-31 ဝါမျိုး စိုက်ပျိုးထားသည့် ရွှေကြံပင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ ဝါစိုက်အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကာ အထွက်တိုး မျိုးကောင်းမျိုးသန့်များနှင့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများပံ့ပိုးပေးရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ Grade A၊ Grade B အဆင့်မီဝါများရရှိရေးအတွက် သက်ဆိုင်ရာဌာနများက ပညာပေးရေးနှင့် လိုအပ်သော စိုက်ပျိုးရေရရှိရေးတို့အတွက် ညှိနှိုင်းမှာကြားသည်။
May 17, 2024
ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အနုပညာရှင်များ၊ ကျောင်းသားကျောင်းသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
May 16, 2024
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
May 16, 2024
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ဆင်ဟွာသတင်းအေဂျင်စီတို့ လုပ်ငန်းသဘောတူညီချက် Service Provision Agreement သတင်းဝန်ဆောင်မှု အသုံးပြုခြင်း စည်းကမ်းချက်ဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်အားပေးသည်။
May 16, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
May 15, 2024
၂၀၂၃ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ၌ ကျင်းပသည်။
May 15, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများနှင့် အွန်လိုင်းဖြင့် တွေ့ဆုံသည်။
May 15, 2024
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့ (၁/၂၀၂၄) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။
May 15, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးနှင့် ခရိုင်ဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ ထန်းတပင်နှင့် ဒိုက်ဦးမြို့နယ်ဦးစီးမှူးများ၊ စာကြည့်တိုက်သင်တန်းတက်ရောက်နေသည့် မြို့နယ်ဦးစီးမှူးများအား တွေ့ဆုံမှာကြားသည်။
May 15, 2024
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရန်ကုန်မြို့ရှိ ကာတာသံရုံး သံရုံးယာယီ တာဝန်ခံ/ သံအမတ် Dr. Rashid Adbulla Al-Kuwari ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
May 15, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) မှ ရဟန်းတော်များ၊ ပိဋကတ် ဘာသာပြန်စာတည်းကော်မတီအဖွဲ့မှ တာဝန်ရှိသူများနှင့် ယနေ့မွန်းလွဲပိုင်းတွင် ကမ္ဘာအေးကုန်းမြေရှိ ပိဋကတ်တိုက် အဆောက်အဦ ဗုဒ္ဓသုတေသနစာကြည့်တိုက်၌ တွေ့ဆုံသည်။
May 15, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဝင်များ၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့မှ စာပေပညာရှင်များနှင့် တွေ့ဆုံသည်။
May 15, 2024
ရန်ကုန်တိုင်းဒေသကြီး “စာကြည်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ကျင်းပသည်။
May 14, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့ဗဟန်းမြို့နယ် အမှတ် (၅၀) ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်း စတူဒီယို (၁) ၌ ရုပ်ရှင်ရုံလုပ်ငန်းရှင်များ၊ ထုတ်လုပ်ရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသရေးဆိုင်ရာကိစ္စများအား ဆွေးနွေးမှာကြားသည်။
May 13, 2024
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီး MSME အေဂျင်စီအဖွဲ့ဝင်များ၊ MSME လုပ်ငန်းရှင်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
May 13, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် အဖွဲ့သည် မေ ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲက ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ဆီထွက်သီးနှံဇုန် (၁+၂) တောင်သူများနှင့် တွေ့ဆုံခဲ့သည်။
