Feb 25, 2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်း တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက်ရှိ အရာထမ်း၊ အမှုထမ်းအိမ်ရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 25, 2024
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သီလဝါအထူးစီးပွားရေးဇုန်သို့ ရောက်ရှိပြီး One Stop Service Center ရှိ ဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 25, 2024
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ SKY EXPO ဗီယက်နမ် နိုင်ငံတကာပြပွဲဗဟိုဌာန၌ ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပပြုလုပ်မည့် (၁၅)ကြိမ်မြောက် ဗီယက်နမ် နိုင်ငံတကာပရိဘောဂနှင့် အိမ်အသုံးအဆောင်ပစ္စည်းများပြပွဲအခမ်းအနားသို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံသို့ထွက်ခွာကြရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 25, 2024
၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘိလိယက်နှင့် စနူကာအားကစားရုံ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 25, 2024
၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘိလိယက်နှင့် စနူကာအားကစားရုံ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 24, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် ပဉ္စမတန်း (Grade-5) နှင့် အခြေခံပညာအလယ်တန်းဆင့် နဝမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ သင်္ချာဘာသာရပ်ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 24, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် ပဉ္စမတန်း (Grade-5) နှင့် အခြေခံပညာအလယ်တန်းဆင့် နဝမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ သင်္ချာဘာသာရပ်ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 24, 2024
မြန်မာ့ဓလေ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းများအချင်းချင်း ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အပြန်အလှန်ညီညွတ်မျှတစွာဖြင့် အသင်းအဖွဲ့စိတ်ဓာတ်ကို အရင်းခံပြီး စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်တတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုနှင့် ပျော်ရွှင်မှုတို့ကိုရရှိစေရန် ရည်ရွယ်ချက်များဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 24, 2024
မြန်မာ့ဓလေ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းများအချင်းချင်း ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အပြန်အလှန်ညီညွတ်မျှတစွာဖြင့် အသင်းအဖွဲ့စိတ်ဓာတ်ကို အရင်းခံပြီး စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်တတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုနှင့် ပျော်ရွှင်မှုတို့ကိုရရှိစေရန် ရည်ရွယ်ချက်များဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 24, 2024
ကျွန်တော်တို့နိုင်ငံအနေနဲ့ Online လောင်းကစားမှုတွေ၊ ငွေကြေးလိမ်လည်မှုများနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြင်းပြင်းထန်ထန် တိုက်ဖျက်နှိမ်နင်းလျက်ရှိပါတယ်။ ဒီတာချီလိတ်မှာဆိုရင် ဒီနေ့မနက် ၅ နာရီလောက်မှာ တာချီလိတ်၊ ဆန်ဆိုင်း (က) ရပ်ကွက်မှာရှိတဲ့နေရာမှာ ကျွန်တော်တို့ Online လောင်းကစားတွေ၊ Online ငွေကြေးလိမ်လည်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းရရှိတဲ့အတွက် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် တိုးနယားလမ်းမှာရှိတဲ့ ကျော်သိန်း (ခေါ်) ခွန်မောင်ညို ပိုင်ဆိုင်တဲ့ ခြံဝင်းမှာ ဝင်ရောက် စစ်ဆေးရှာဖွေခဲ့ပါတယ်။ အဲဒီမှာ ထိုင်းနိုင်ငံသူ၊ နိုင်ငံသား ၁၄၈ ဦး ကျား ၇၅ ဦး၊ မ ၇၃ ဦး ပေါင်း ၁၄၈ ဦး၊ တရုတ်နိုင်ငံသား အမျိုးသား ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၁၇၃ ဦး၊ မ ၃၆၇ ဦး စုစုပေါင်း ၅၄၀ ဦးပေါ့။ အားလုံး ထိုင်း၊ တရုတ်၊ မြန်မာ အားလုံးပေါင်း ၆၈၉ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီမှာ သူတို့အသုံးပြုတဲ့ မော်တော်ယာဉ် ရှစ်စီး၊ မော်တော်ဆိုင်ကယ် အစီး ၁၂၀၊ Online ဂိမ်း လုပ်ဆောင်ရာမှာ အသုံးပြုတဲ့ Desktop computer များကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီနေရာမှာ နှစ်ဧကခန့်၊ နှစ်ဧကလောက် ကျယ်ဝန်းတဲ့ခြံဝင်း ထဲမှာ နှစ်ထပ်ဆောင် သုံးဆောင်၊ ဆောက်လုပ်ဆဲ အလူမီနီယံတွေနဲ့ လုပ်ဆောင်နေတဲ့ဟာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်အစိုးရအနေနဲ့ ကျွန်တော်တို့ မြန်မာပြည်သူတွေကော၊ တခြား အိမ်နီးချင်း နိုင်ငံတွေကော ထိခိုက်စေတဲ့ Online လောင်းကစားမှု၊ Online ငွေရေးကြေးရေး လိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံများနဲ့ တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ အမြစ်ပြတ်ချေမှုန်းသွားမှာဖြစ်ပါတယ်လို့ ပြောလိုပါတယ်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 23, 2024
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ လူမှုဖူလုံရေးဆေးခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ လူမှုဖူလုံရေးအဖွဲ့ တိုင်းဒေသကြီးတာဝန်ခံက လူမှုဖူလုံရေးဆေးခန်းနှင့် တောင်ဥက္ကလာပ လူမှုဖူလုံရေးမြို့နယ်ရုံး ပြောင်းရွှေ့ဖွင့်လှစ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 23, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက ချင်းပြည်နယ်ဟားခါးမြို့ရှိ ဝန်ထမ်းများကို အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံကာ တစ်ဦးချင်း အခက်အခဲများကိုမေးမြန်း၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 23, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် သပြေတန်းအုပ်စု ကွင်းအမှတ် - ၁၆၄၂ ငွေလျှံကုန်းကွင်း တောင်သူဒေါ်ယုယုလွင်၏ ဆောင်းနေကြာနှင့် ဖူးစားပြောင်းသီးနှံများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုကို ကြည့်ရှုအားပေးကာ ဆောင်းသီးနှံရိတ်သိမ်းပြီး နွေသီးနှံဖြစ်သည့် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရန်၊ စိုက်ပျိုးသည့်သီးနှံအလိုက် ထိရောက်သောရေပေးဝေမှု စီမံခန့်ခွဲနိုင်ရန်အတွက် ရေသွင်းနိုင်မည့်နည်းစနစ်များ သုတေသနပြု ရှာဖွေဖော်ထုတ်ပေးရန်၊ ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 23, 2024
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လမ်းမတော်မြို့နယ်ရှိ UMFCCI အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ညီနောင်အသင်းအဖွဲ့များမှ လုပ်ငန်းရှင်များနှင့်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်ကော်မတီများမှ တာဝန်ခံများနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 23, 2024
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ အထူးရန်ပုံငွေ ၂၀၂၃ ဖြင့် ဆောင်ရွက်မည့် စားသောက်ကုန်ကဏ္ဍတွင် စွမ်းအင်အကျိုးရှိစွာ သုံးစွဲရေး ရှေ့ပြေးစီမံကိန်း မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 23, 2024
စက်မှုဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ရှိ အမှတ်(၅)အထည်စက်ရုံ(ပခုက္ကူ)နှင့် အမှတ် (၁၁) အထည်စက်ရုံ (ပခုက္ကူ)များသို့ရောက်ရှိပြီး စက်ရုံမှူးများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် စက်ရုံများရှိ ချွတ်ယွင်းနေသည့် စက်ပစ္စည်းများကို ကောင်းမွန်အောင် အမြန်ဆုံးပြုပြင်သွားရန်၊ ယခုဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ အချိန်မီပြီးစီးရေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ လာမည့်ဘဏ္ဍာရေးနှစ်တွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောစက်အရန်ပစ္စည်းများကိုလည်း ဝယ်ယူ ဖြည့်တင်းရန်တို့ကိုမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင် ရွက်ပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 23, 2024
ကူဝိတ်နိုင်ငံ၏ (၆၃) နှစ်မြောက် အမျိုးသားနေ့နှင့် (၃၃) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့်ဇနီးတို့ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 23, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသန့်၊ နေပြည်တော်ကောင်စီနယ်မြေပညာရေးမှူး ဒေါက်တာကျော်လွင်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဇမ္ဗူသီရိ မြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် ပဉ္စမတန်း (Grade-5) နှင့် အခြေခံပညာအလယ်တန်းဆင့် နဝမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 23, 2024
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ယာသီးနှံသုတေသနဌာနခွဲ စီပင်ခြံ၏သုတေသနလုပ်ငန်းများ၊ မျိုးစေ့ထုတ်လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးကြည့်ရှုရာ တာဝန်ရှိသူများကဆီထွက်သီးနှံ နေကြာ ဆင်းရွှေကြာ-၂ ၊ ပဲတီစိမ်း၊ ပဲစင်းငုံအပါအဝင်သီးနှံ ၁၁ မျိုး၏ သုတေသန၊ ထုတ်လုပ်မှုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 23, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံသို့ရောက်ရှိစစ်ဆေးပြီး စက်ရုံမှူးနှင့်ဝန်ထမ်းများအား လိုအပ်သည်များမှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
