Dec 12, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပမည့် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ Plenary Hall ၌ အခမ်းအနားပြင်ဆင်နေမှု၊ ပြခန်းများစီစဉ်ဆောင်ရွက်ထားရှိမှု၊ LED ဘုတ်များတပ်ဆင်မှု၊ လျှပ်စစ်မီးနှင့်အသံပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
Dec 11, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင် ရေလှောင်တမံ၏ ဆည်ရေဝင်ရောက်မှုနှင့် ရာသီအလိုက် စိုက်ပျိုးရေပေးဝေမှုကို ကြည့်ရှုစစ်ဆေးပြီး ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိခိုက်မှုမရှိစေရေး၊ သီးနှံအလိုက် ရေလိုအပ်ချက်ပေါ်မူတည်၍ စိုက်ပျိုးရေစီမံခန့်ခွဲအသုံးပြုနိုင်ရေးနှင့် အသုံးပြုပြီးပိုလျှံရေများကို ချောင်းပိတ်မြောင်းပိတ်လုပ်ငန်းများဖြင့် ပြန်လည်အသုံးပြုနိုင်ရေး၊ တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သော ရေအသုံးချသူများအဖွဲ့ (WUG) တိုးချဲ့ဖွဲ့စည်းပြီး ဆည်ရေကို ညီညွတ်မျှတအကျိုးရှိစွာ ရယူအသုံးပြုနိုင်ရေး ဆွေးနွေးမှာကြားသည်။
Dec 11, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့တွင် တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် လားရှိုးမြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (လားရှိုး) သို့ရောက်ရှိရာ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
Dec 11, 2023
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာသံအမတ်ကြီး ဦးချစ်ဆွေတို့သည် ယနေ့နံနက်ပိုင်းတွင် နွန်ထပူရီမြို့ရှိ အလုပ်သမား သံအရာရှိရုံး၊ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ် ယာယီအချက်အလက်ကောက်ယူရေးဌာနခွဲ (TDCC) နှင့် မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) တို့၏ ရုံးခန်းနေရာများ ပြောင်းရွှေ့ဖွင့်လှစ်မည့် နေရာသစ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Dec 11, 2023
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်သည့် စားသောက်ဖွယ်ရာများနှင့် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးနှင့် ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
Dec 11, 2023
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ကိုရီးယားသမ္မတနိုင်ငံ ကိုရီးယား-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဒေါက်တာ Sang Kyung Chan (Venerable MOKTAK) အား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ရန်ကုန်) ရုံးခွဲ၌ လက်ခံတွေ့ဆုံသည်။
Dec 11, 2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် ချောင်းကောက်ကျေးရွာသို့ သွားရောက်ပြီး အောင်ကောင်းမြတ် လယ်ယာကုန်ထုတ်နှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းက ဆောင်ရွက်နေသော နှမ်းရိုးအခြေခံ သဘာဝမြေဩဇာ ထုတ်လုပ် နေမှုကို ကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီးက အသင်းအနေဖြင့် နှမ်းရိုးအခြေခံသဘာဝမြေဩဇာ ထုတ်လုပ်ရာတွင် အကျိုးအမြတ်ကို အဓိကမထားဘဲ ဒေသခံတောင်သူများ၏ စိုက်ခင်းများသို့ အရောက်သွားပြီး တောင်သူပိုင် နှမ်းရိုးများ၊ နွားချေး၊ ဖွဲကြမ်း၊ ဖွဲနုတို့ကို အသုံးပြုပြီး တင်လဲရည်၊ EM ဖျော်ရည်များဖြင့် သဘာဝမြေဩဇာများ ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။
Dec 11, 2023
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော် - မန္တလေးလမ်းပိုင်း) ရှိ လမ်းအသုံးပြုခ ကောက်ခံသည့် တိုးလ်ဂိတ်များဖြစ်သော ပန်းတင်မီနီတိုးလ်ဂိတ်၊ သီးကုန်းတိုးလ်ဂိတ်၊ သီးကုန်းမီနီတိုးလ်ဂိတ်နှင့် မိတ္ထီလာ - ကျောက်ပန်းတောင်း - ညောင်ဦးလမ်းပိုင်းပေါ်ရှိ မြတ်နိုးသူကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသည့် ဂိတ်များကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တိုးလ်ဂိတ်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
Dec 11, 2023
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မန္တလေးဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် အင်းဝယဉ်ကျေးမှုဇုန်အတွင်းရှိ ထီးလှိုင်ရှင်ဘုရား၊ ရတနာ ထီးအုပ်ဘုရား၊ စွယ်တော်စင်၊ ရွှေမုဋ္ဌောဘုရား၊ ဂူတော်သစ်ဘုရား၊ မြို့တွင်းဂူဖြူဘုရား၊ ရွှေရင်းရဲဘုရား၊ ရွှေအုန်းပေါက်ဘုရား၊ ရွှေစည်းခုံဘုရား၊ မြသိန်းတန်ဘုရားနှင့် ရွှေတန်ဆာဘုရားတို့၌ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး မြင့်မား၍ အန္တရာယ်ရှိသော ရှေးဟောင်းဘုရားများအား ချုံနွယ်များ ရှင်းလင်းရာတွင် သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှုနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် မှာကြားသည်။
Dec 11, 2023
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လားရှိုးတက္ကသိုလ်သို့ ရောက်ရှိပြီး အဆိုပါတက္ကသိုလ်ခန်းမ၌ လားရှိုးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဌေးအောင်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Dec 11, 2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ကြီးဌာနဝန်ထမ်းများနှင့်တွေ့ဆုံကာ ယုံကြည်ချက်၊ ခံယူချက် ကောင်းမွန်သောဝန်ထမ်းများဖြစ်အောင် ကျင့်ကြံနေထိုင်၍ ဘဝတိုးတက်ရေးကြိုစားရန်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စေတနာထားဆောင်ရွက်ရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Dec 11, 2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှ လားရှိုးမြို့သို့ ခေတ္တတိမ်းရှောင်ရောက်ရှိ နေထိုင်လျက်ရှိသည့် ယာယီနေရပ်စွန့်ခွာနေရာများသို့ သွားရောက်၍ ထောက်ပံ့ငွေနှင့် လိုအပ်သော ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ကာ ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများအား အားပေးစကား ပြောကြားသည်။
Dec 11, 2023
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရန်ကုန်စက်မှုဇုန်၌ CMP စနစ်အသုံးပြု၍ ဦးထုပ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေသည့် Asia Caps Co., Ltd ကို သွားရောက်ကြည့်ရှုအားပေးကြသည်။
Dec 11, 2023
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ တစ်ရက်လျှင် တန်ချိန် ၄၇၀ ကျ ရွှေဝါရောင်ဆန်စက်သို့ရောက်ရှိပြီး စက်ရုံအတွင်း ကုန်ကြမ်းများမှ ပြည်တွင်းဖြန့်ဖြူးရန်နှင့် ပြည်ပတင်ပို့ရန် အဆင့်မြင့်ဆန်များအား သန့်စင်ခြင်း၊ ထပ်မံကြိတ်ဖွတ်ခြင်း၊ ဆန်ကွဲခွဲထုတ်ခြင်း၊ ဆန်အရောင်တင်ခြင်းနှင့် အရောင်ခွဲခြားခြင်း၊ သတ်မှတ်အရည်အသွေးပြည့်မီရေး စစ်ဆေးခြင်း၊ အိတ်သွတ်ထုပ်ပိုးခြင်းနှင့် ဆန်များကို ပိုးသတ်မှိုင်းတိုက် ပြုလုပ်ထားရှိမှု၊ ပြည်တွင်းဖြန့်ဖြူးရန် စီစဉ်ထားရှိမှု၊ ပြည်ပသို့ တင်ပို့ရန် သိုလှောင်ထားရှိမှု၊ တိရစ္ဆာန်အစာ သိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကုန်ထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက်ရေး၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး ကုန်သွယ်ဖက်နိုင်ငံများရှိ ကုမ္ပဏီများနှင့် စေ့စပ်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ရေး မှာကြားသည်။
Dec 11, 2023
(၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးကာလအတွင်း သီးခြားဆွေးနွေးပွဲအဖြစ် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး မစ္စတာရှီယွီကန်းတို့သည် ယမန်နေ့ ညနေပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ရှိ ဟိုင်ကန်ဥယျာဉ်ဟိုတယ်၌ တွေ့ဆုံဆွေးနွေးကြသည်။
Dec 11, 2023
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မန္တလေးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နာယက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို ကြည့်ရှုအားပေးသည်။
Dec 11, 2023
ဒီနေ့မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ လားရှိုးမြို့ကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ ယာယီနေရပ်စွန့်ခွာပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အောက်တိုဘာ လ ၂၇ ရက်နေ့ကနေစပြီး MNDAA ၊ TNLA ၊ AA နဲ့ PDF အကြမ်းဖက်သောင်းကျန်းသူများက ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာရှိတဲ့ မြို့ရွာတွေကို တိုက်ခိုက်ခဲ့တာတွေ၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်အောင် လမ်း၊ တံတားတွေကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့တာတွေ၊ မူဆယ် (၁၀၅) မိုင်မှာ ကားဝင်းကို တိုက်ခိုက်ခဲ့ပြီး ကျွန်တော်တို့ပြည်သူလူထုပိုင်ဆိုင်တဲ့ယာဉ်များ မီးလောင်ပျက်စီးခဲ့ရတာတွေရှိပါတယ်။ လားရှိုးမြို့အနီးတစ်ဝိုက်နဲ့ သိန္နီမြို့က အိမ်ထောင်စု ၁၄၂၈ စု၊ လူဦးရေ ၅၀၀၀ ခန့် ယာယီနေရပ်စွန့်ခွာပြုလုပ်နေရပါတယ်။ အဲဒီမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ခရစ်ယာန်ဘာသာရေးကျောင်းတွေ၊ ရုံးတွေ၊ အဆောက်အဦတွေမှာ ယာယီနေရပ်စွန့်ခွာအဖြစ် နေထိုင်နေရတာဖြစ်ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေနဲ့ ငွေကျပ် သိန်းငါးထောင် လှူဒါန်းခဲ့ပါတယ်။ အဝတ်အထည်တွေ၊ ဆန်တွေ၊ စားသောက်ဖွယ်ရာတွေ၊ လှူဖွယ်ရာတွေ ကျွန်တော်တို့လှူဒါန်းခဲ့ပါတယ်။ ဒီနေရပ်စွန့်ခွာတိုင်းရင်းသားပြည်သူများကို ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံပြီး အားပေးစကားများ ပြောကြားခဲ့ပါတယ်။ မိမိဒေသကို ပြန်လည်ရောက်ရှိချိန်မှာလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူလူထုပူးပေါင်းပြီး ဆောင်ရွက်ကြဖို့လည်း ပြောကြားခဲ့ပါတယ်။
Dec 10, 2023
နိုင်ငံတစ်ဝန်း၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုတွင် မျိုးကောင်း မျိုးသန့် မျိုးစေ့များဖူလုံစွာသုံးစွဲနိုင်ရေးအတွက် မျိုးစေ့ကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက အားပေးကူညီလျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်တို့သည် ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မြန်မာနယူးဧရာ ကုမ္ပဏီလီမိတက်၏ မျိုးစေ့သန့်စင်စက်ရုံ၏ မျိုးစေ့သန့်စင်ခြင်းလုပ်ငန်းနှင့် သီးနှံအခြောက်ခံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကြပြီး မျိုးစေ့ထုတ်လုပ်ငန်းတွင် ပုဂ္ဂလိကနှင့် တောင်သူများ၏ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေး၊ ပြည်တွင်းမျိုးစေ့လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးနှင့် မျိုးစေ့တင်ပို့နိုင်ငံအဖြစ် ရပ်တည်နိုင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍ၏ ကြိုးပမ်းစွမ်းဆောင်မှု မြှင့်တင်နိုင်ရေးအခွင့်အလမ်းများကို တာဝန်ရှိသူများနှင့်ဆွေးနွေးခဲ့ကြသည်။
Dec 10, 2023
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ လယ်ဝေးမြို့နယ်စီမံကိန်းဦးစီးရုံးနှင့် ဒက္ခိဏသီရိ မြို့နယ်စီမံကိန်းဦးစီးရုံးများကို သွားရောက်စစ်ဆေးသည်။
Dec 10, 2023
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ကြို့ကုန်းရှိ ရေထွက်ကုန်လုပ်ငန်းများ ထုတ်လုပ်တင်ပို့လျက်ရှိသည့် Golden Bay Limited နှင့် ရွှေပြည်သာစက်မှုဇုန်ရှိ ပဲမျိုးစုံ ပြည်ပသို့တင်ပို့လျက်ရှိသည့် New Golden Gate (1991) Co., ltd. သို့ရောက်ရှိရာ စက်ရုံရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက စက်ရုံမှထုတ်လုပ်နေမှုများနှင့် ပြည်ပသို့တင်ပို့နေမှုများကို ရှင်းလင်းတင်ပြပြီး စက်ရုံအတွင်း ပြည်ပသို့တင်ပို့ရန် ရေထွက်ကုန်ပစ္စည်းများနှင့် ပဲများထုတ်လုပ်နေမှုအဆင့်ဆင့်နှင့် ပြည်ပသို့တင်ပို့ရန် ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
