Dec 19, 2023
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ညနေပိုင်းတွင် ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ သီးခြားလွတ်လပ်သော ပညာရှင်အဖွဲ့နှင့် တွေ့ဆုံသည်။
Dec 18, 2023
၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာ ပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
Dec 18, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲ ပိုင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော် ကျင်းပမည့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)သို့ သွားရောက်၍ ပြခန်းများ ခင်းကျင်းပြင်ဆင်ထားရှိမှုနှင့် ဖွင့်ပွဲအခမ်းအနား ဇာတ်တိုက်လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
Dec 17, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ကွန်ပျူတာတက္ကသိုလ် (ပြည်) ၌ သုတေသနနှင့် သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စာသင်ခန်းများအတွင်း ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို လှည့်လှည်ကြည့်ရှုအားပေးသည်။
Dec 17, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အစည်းအဝေးခန်းမ (၁) ၌ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Dec 17, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်ရှိ ၃၃/၁၁ ကေဗွီ, ၁၀ အမ်ဗွီအေ အောင်ဆန်းဓာတ်အားခွဲရုံကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Dec 17, 2023
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မြန်မာအစိုးရအသိအမှတ်ပြု Myanmar GDE Con-sortium တည်ထောင်ရန်အတွက် စိစစ်ရွေးချယ်ရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Dec 17, 2023
ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) က ကြီးမှူးကျင်းပသည့် (၄၉) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်သမိုင်းဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော် အလယ်ပစ္စယံရှိ ရခိုင်ပြည်နယ်ဓမ္မာရုံ၌ ကျင်းပသည်။
Dec 17, 2023
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်၌ ၁၀၈ ရက်တိုင်တိုင် ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်နေသော ဘာဏကဆရာတော်များအား သွားရောက်ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
Dec 17, 2023
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့နံနက်ပိုင်းတွင် မကွေးတက္ကသိုလ်သို့ ရောက်ရှိပြီး တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေးကိစ္စရပ်များကို ကြည့်ရှုသည်။
Dec 16, 2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအောင်ဇော်အေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်များအတွင်း သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
Dec 16, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်၊ လျှပ်စစ်အင်ဂျင်နီယာရုံး၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
Dec 16, 2023
(၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကြိုလှုပ်ရှားမှုဆေးကုသခြင်းကို ယနေ့တွင် နေပြည်တော်အမျိုးသားပရဆေးဥယျာဉ်ရှိ ခုတင် (၁၀၀) ဆံ့တိုင်းရင်းဆေးရုံ၊ ပြင်ပလူနာဌာနခွဲ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ဗဟို) ဥက္ကဋ္ဌ နေပြည်တော်တိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းဉက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးကြပြီး အမျိုးသားပရဆေးဥယျာဉ်အတွင်း စိုက်ပျိုးထားရှိသည့် ဆေးဖက်ဝင်ပရဆေးပင်များကို လှည့်လည်ကြည့်ရှုကြသည်။
Dec 16, 2023
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ဗဟိုစာရင်းအင်းအဖွဲ့ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ ပြည်ထောင်စုနယ်မြေ ဗဟိုစာရင်းအင်းအဖွဲ့ရုံးနှင့် နေပြည်တော်စီမံကိန်းဦးစီးရုံးများကို သွားရောက်စစ်ဆေးသည်။
Dec 16, 2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ရုံးပင်ကျေးရွာသို့ သွားရောက်၍ ရုံးပင်-အေးချမ်းသာ စစ်တောင်းမြစ်ကူးတံတား ပေ ၈၄၀ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တံတားတည်ဆောက်ပြီးစီးချိန်၌ စစ်တောင်းမြစ်အတွင်းသွားလာနေသော စက်တပ်ရေယာဉ်များ ရေလမ်းအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေး အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
Dec 16, 2023
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ဒီဇင်ဘာ ၁၂ ရက် မှ ၁၃ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် ဟိုက်ကူးမြို့၌ ကျင်းပခဲ့သော မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်ဆိုင်ရာပူးတွဲကော်မတီ၏ အဋ္ဌမအကြိမ်မြောက်အစည်းအဝေးနှင့် အမျိုးသားပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးကော်မတီအဆင့်မြင့်အရာရှိကြီးများ အကြိုညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။
Dec 16, 2023
မြန်မာ့အနုပညာနှင့်ယဉ်ကျေးမှုအသင်း(ရန်ကုန်)မှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာကမ္ဘာငြိမ်းချမ်းရေးနေ့ Belt and Road(၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ဆုတောင်းပွဲအခမ်းအနားကို ယနေ့ညနေ ၅ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင်အရှေ့ဘက်ရှိ ရေကြည်တော်ဝတ်အသင်းတန်ဆောင်း၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် တက်ရောက်အားပေးသည်။
Dec 16, 2023
စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း ဆောင်ရွက်နေသော စက်သုံးဆီသိုလှောင်စခန်းများသို့ရောက်ရှိကာ ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများဖြင့် စက်သုံးဆီ တင်သွင်းရောက်ရှိနေမှု အခြေအနေများ၊ စက်သုံးဆီသိုလှောင်ကန်များသို့ စက်သုံးဆီလက်ခံချယူနေမှုအခြေအနေများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ဆီသယ်ယာဉ်များဖြင့် စက်သုံးဆီဖြန့်ဖြူးပေးပို့ရန် မျှောစနစ်ဖြင့် ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Dec 15, 2023
(၂၆) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ဝန်ကြီးများအစည်းအဝေးကို မြန်မာနိုင်ငံဆိုင်ရာ ဂျီအမ်အက်စ်ဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က သဘာပတိအဖြစ် ဦးဆောင်၍ နေပြည်တော်ရှိ Grand Amara Hotel ၌ ယနေ့ကျင်းပသည်။
Dec 15, 2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကို၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ပင်လောင်းမြို့နယ်နှင့် ကလောမြို့နယ်များအတွင်း သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
