Skip to main content

Sep 26, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် ညွှန်ကြားရေးမှူးချုပ်များသည် ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာနှင့် လယ်ဝေးမြို့နယ် ကွေ့ကြီးကျေးရွာတို့၌ ဒေသဖွံ့ဖြိုးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများနှင့် သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ လောကာနန္ဒာဘုရားအတွင်းရှိ သာသနာ့ဗိမာန်၌ကျင်းပသော ရခိုင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များ၊ သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၄) နှစ်မြောက် အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ယနေညပိုင်းတွင် ရန်ကုန်မြို့ Wyndham Grand Yangon ဟိုတယ်အမရပူရခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့်ဇနီးတို့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် အမြဲတမ်းအတွင်းဝန်၊ သာသနာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ဇိဝိတဒါနသံဃာ့ဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) တွင် ကမ္ဘာ့ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ် (အောက်စဖိုဒ့်ဆရာတော်) ဒေါက်တာအရှင်ဓမ္မ သာမိအားပင့်ဖိတ်၍ ကရုဏာတရားအထူးတရားပွဲကျင်းပသည့် အခမ်းအနားသို့တက်ရောက်၍ ဆရာတော်အား နဝကမ္မအလှူတော်ငွေများ၊ လှူဖွယ်ပစ္စည်းများနှင့်နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ပြည်သူ့ရေးရာဌာနညွှန်ကြားရေးမှူး Ms. Zeng Yan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ဆက်လက်ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် အုပ်ချုပ်မှုအဖွဲ့တာဝန်ရှိသူများသည် ယနေ့ဒေသစံတော်ချိန် နံနက် (၁၀) နာရီတွင် ဟန်ကျိုးမြို့ရှိ Xiaoshan Guali Sports Center အားကစားရုံ၌ကျင်းပသည့် ဝူရှူးအားကစားနည်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မအေးသစ္စာမြင့်က နန်းချွမ် (ခေါ်) တောင်ပိုင်းလက်သိုင်းပြိုင်ပွဲနှင့် နန်းသောင်း (ခေါ်) တောင်ပိုင်းဓါးသိုင်းပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ တောင်အာရှနှင့် အရှေ့တောင်အာရှ (နိုင်ငံတကာဒေသတွင်း) ပြန်ကြားရေးစင်တာမှ အမှုဆောင်အယ်ဒီတာချုပ် မစ္စတာကျန့်ရော့ကူနှင့်အဖွဲ့အား လက်ခံတွေ့ဆုံပြီး ၂၀၂၃ ခုနှစ် တရုတ်-မြန်မာ Twin City Media Forum ကျင်းပရေး ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (16th Con-ference of ASEAN Ministers Responsible For Information - AMRI ) နှင့် (20th ASEAN Senior Officials Meeting Responsible for Information- SOMRI) နှင့် ဆက်စပ်အစည်းအဝေးဖြစ်သည့် ( AMRI +3) အစည်းအဝေးများသို့ တက်ရောက်ခဲ့ကြပြီး စက်တင်ဘာ ၂၄ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2023

အယ်နီညိုရာသီဥတုသက်ရောက်မှုကြောင့် မိုးရွာသွန်းမှုများလျော့နည်းလာပြီး ဆည်ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှုနည်းပါးလာခြင်း၊ အပူချိန်ပိုမိုမြင့်တက်လာမှုကြောင့် ဆည်ရေသောက်ဧရိယာများ၏ စိုက်ပျိုးရေလိုအပ်ချက် ပုံမှန်ထက်မြင့်မားလာခြင်းတို့ကြောင့် စိုက်ပျိုးရေချွေတာသုံးစွဲရေးနှင့် ရေချိုအရင်းအမြစ်များ လေလွင့်ဆုံးရှုံးမှု လျော့ပါးသက်သာစေရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် တောင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြပြီး စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ အရှိန်အဟုန်မပျက် ကြိုးပမ်းသွားကြရန်လိုကြောင်း ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဆည်ရေသောက်စနစ်များ ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2023

ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တလေး)ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်ရှိ အဆိုပါရုံး ရုံးသစ်အဆောက်အဦ ရှေ့မျက်နှာစာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံ စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၉ ရက်မှ ၂၀ ရက်အထိ ရှန်စီးပြည်နယ် ရန်လင်းမြို့၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့မြေဆီလွှာကျန်းမာရေးဆွေးနွေးပွဲ 2023 Global Forum on Soil Health သို့ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2023

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကရင်၊ ဇိုမီး(ချင်း)၊ ဥပ်ပူး(ချင်း)၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကိုးကန့် စသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2023

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၂၂ ရက် မှ ၂၄ ရက်အထိ မိတ္ထီလာ- မြင်းခြံသံမဏိစက်ရုံ ရထားလမ်းပိုင်း၊ ဇီးပင်ကြီး-ပွဲကောက်ရထားလမ်းပိုင်း၊ စက်ခေါင်းပြင်စက်ရုံ(ပြင်ဦးလွင်)၊ စက်ခေါင်းပြင်စက်ရုံ(မန္တလေး)၊ မန္တလေးဘူတာကြီး၊ လူစီးတွဲနှင့်ကုန်တွဲပြင်စက်ရုံ (မြစ်ငယ်)နှင့် မြစ်ငယ်ရထားလမ်းတံတားသစ်တို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ကျင်းပသည့် (၁၆)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများအစည်းအဝေး (16th Conference of ASEAN Ministers Responsible for Information - AMRI) နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး ယနေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2023

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ည ဒေသစံတော်ချိန် (၈)နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့ရှိ အိုလံပစ်အားကစားကွင်း(Hangzhou Olympic Center)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်