Skip to main content

Mar 04, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ် ၄ ရက် နံနက် ၈ နာရီခွဲက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ ကတ်သလစ်အသင်းတော်ရုံး၌ ခရစ်ယာန်ဂိုဏ်းဂဏပေါင်းစုံမှ ဘာသာရေးခေါင်ဆောင်များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပန်းတ‌နော်မြို့နယ်ရှိ Global Earth စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းထွက်တန်ဖိုးမြင့် ကုန်ထုတ်လုပ်ငန်း အများပိုင်ကုမ္ပဏီလီမိတက်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက စိုက်ပျိုးမွေးမြူ ထုတ်လုပ်သည်မှ အသင့်စားသုံးနိုင်သော ငါးအခြေခံတန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်သည်အထိ လုပ်ငန်းစဉ်တစ်ခုလုံးကို တစ်နေရာတည်းတွင် စုဖွဲ့ဆောင်ရွက်နေမှု၊ ဝန်ထမ်း ၆၀၀၀ ကျော် တိုက်ရိုက်ခန့်ထားဆောင်ရွက်နေမှုနှင့် ဆက်စပ်အလုပ်အကိုင်အခွင့်အလမ်း ၅၀၀၀၀ ကျော်အား အကျိုးပြုနေမှုကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2023

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် မတ် ၁ ရက် ညနေပိုင်းက မုံရွာမြို့ ကိုယ်ပွားသတင်းစာတိုက်နှင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံနှုတ်ဆက်အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2023

သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုမဟာဗျူဟာစီမံကိန်း(၂၀၂၂-၂၀၂၇)ကို အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းအစီအစဉ်ဖြစ်သည့် ဦးစီးဌာနအလိုက် နှစ်စဉ်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရေးအစီအစဉ်(Departmental Annual Implementation Plan-DAIP)ဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန စုဝေးခန်းမ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2023

မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်အနေဖြင့် လိုအပ်သောငွေကြေးထောက်ပံ့မှုများကို ကူညီပံ့ပိုးပေးနိုင်ရန် SME နှစ်ဆင့်ချေးငွေစီမံကိန်း အဆင့်-၁ နှင့် စီမံကိန်းအဆင့်-၂ တို့ကို ၂၀၁၆ ခုနှစ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါ SME နှစ်ဆင့်ချေးငွေစီမံကိန်း၏ လုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃) ကို ယနေ့တွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2023

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၅) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2023

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အိန္ဒိယနိုင်ငံ အာသံပြည်နယ် Guwahati မြို့တွင် ယမန်နေ့နံနက်ပိုင်းကကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ညီလာခံနှင့် ပြပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအရ ဆီမီးဖယောင်းတိုင်မီးထွန်းညှိ၍ စတင်ဖွင့်လှစ်ခဲ့ပြီး အိန္ဒိယနိုင်ငံ အာယုဗေဒဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2023

(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစား သမားများ၏နောက်ဆုံးအကြိမ် လက်ရည်ဆန်းစစ်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ယနေ့နံနက်ပိုင်းက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု အားပေး ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2023

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2023

လူမှုရေးပညာမဟာဌာန (Faculty of Social Work) ဖွဲ့စည်းတည်ထောင်ပြီး လူမှုရေးပညာ ဘွဲ့ဒီဂရီပေးအပ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင် ရွက်လျက်ရှိကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် လူမှုရေးပညာဘာသာရပ် ပထမနှစ် သင်တန်း စတင်ဖွင့်လှစ်မည်ဖြစ်ပြီး လူမှုရေးပညာဘွဲ့(Bachelor of Social Work) ပေးအပ် သွားမည်ဖြစ်သည့်အတွက် အဓိကကျသော ပထမနှစ် သင်ရိုးညွှန်းတမ်း အတည်ပြုသတ်မှတ် ပေးနိုင်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2023

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2023

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် Myanmar Arts Center ၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဂန္ဓကုဋိတိုက်များတွင်ထားရှိမည့် ပန်းချီကားများ ရေးဆွဲနေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများနှင့် ပန်းချီပညာရှင်များက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ပန်းချီရေးဆွဲမှုအကြောင်းအရာ နည်းစနစ်များနှင့်ပတ်သက်၍ ဆွေးနွေးမေးမြန်းကာ ပန်းချီကားများအချိန်မီပြီးစီးရေးနှင့် လိုအပ်ချက်များကို ဖြည့်စွက်မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2023

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ(အကြိုဗိုလ်လုပွဲ)ပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်နည်းပညာတက္ကသိုလ်(YTU)သို့ ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2023

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းက ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ရုံးဌာနများသို့ သွားရောက်ကြည့်ရှုပြီး စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ ဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ယမန်နေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်ရှိ သူဌေးရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် တိုးတက်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2023

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ရောက်ရှိပြီး အဆိုပါရုံးအစည်းအဝေးခန်း၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2023

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ တေရသမအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2023

ကမ်းခြေဒေသများသန့်ရှင်းသာယာလှပပြီး ပြည်တွင်း/ ပြည်ပခရီးသွား ဧည့်သည်များ ယင်းဒေသများသို့ တိုးတက်ဝင်ရောက်လာရေးနှင့် ကမ်းခြေဒေသခရီးသွားလုပ်ငန်းများ စနစ်တကျရေရှည်ဖွံ့ဖြိုးတိုးတက်နေစေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များ၊ လုပ်ငန်းလုပ်ကိုင်သူများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၃ ရက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် ငပလီကမ်းခြေဒေသ Aureum Palace ဟိုတယ်၌ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း(ရခိုင်ဇုန်)၊ ဟိုတယ်လုပ်ငန်းရှင် များ၊ ဟိုတယ်များမှတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2023

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းနှင့်အတူ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများလေ့ကျင့်ရေးဌာန (Myanmar Centersfor DiseaseControland Training Center for Medical Staff- Myanmar CDC) တည်ဆောက်ရေးလုပ်ငန်းခွင်သို့သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်