Jan 12, 2023
သစ်တောဦးစီးဌာန ခရိုင်သစ်တောအရာရှိများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ် (၈) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် သစ်တောသုတေသနဌာန စုဝေးခန်းမ ရေဆင်း၌ ကျင်းပသည်။
Jan 12, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် ယနေ့ နံနက် ၈ နာရီခွဲတွင် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ အထင်ကရနေရာများသို့ သွားရောက် လေ့လာကြပြီး ကချင်အနုပညာရှင်အသင်းချုပ် ဗဟိုကော်မတီရုံး၌ ကချင်တိုင်းရင်းသားတို့၏ အနုပညာလုပ်ငန်းများ တိုးတက်အောင်မြင်လာစေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။
Jan 11, 2023
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မန္တလေး-လားရှိုး- ဗန်းမော်-မြစ်ကြီးနားလမ်းပေါ်ရှိ အရှည် ၃၂၁၂ ပေ ဗလမင်းထင်တံတား အမှတ်(၂)တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
Jan 11, 2023
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ဇန်နဝါရီ ၈ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jan 11, 2023
အများပြည်သူများ စိတ်အပန်းပြေစေရန်နှင့် စိတ်ခွန်အားရရှိစေရန်အတွက် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံကြီး၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနက စီစဉ်ကပြမည့် “အသက်ထက်မြတ်သော ဂုဏ်သိက္ခာဇာတ်တော်ကြီး” ဇာတ်တိုက်လေ့ကျင့်နေမှု၊ အသံပိုင်း၊ မီးပိုင်းနှင့် ဆက်တင်ပိုင်းဆိုင်ရာများကို ယနေ့နံနက်ပိုင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Jan 11, 2023
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် အာဆီယံ-ဂျပန် ဗဟိုဌာန၏ အထောက်အပံ့ဖြင့် National Activity Project-2022 ကို အကောင်အထည်ဖော်သည့်အနေဖြင့် တတိယအကြိမ် ဂျပန်ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသူများအတွက် အရည်အသွေးမြှင့်တင်ရေးအသိ ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကလောမြို့ရှိ Kalaw Hilltop Villa Hotel တွင် Hybrid စနစ်ဖြင့် ကျင်းပသည်။
Jan 11, 2023
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC) တို့ပူးပေါင်း၍ ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC)၏ အစီအစဉ်ဖြင့် တောင်အာရှနှင့်အရှေ့တောင် အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများ (မြန်မာနိုင်ငံ) စွမ်းအားမြှင့်မီးဖိုဖြန့်ဝေရေးစီမံကိန်း၏ စောင့်ကြည့်အကဲဖြတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
Jan 11, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် ယနေ့မွန်းလွဲပိုင်းတွင် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ငြိမ်းချမ်းသာယာအားကစားကွင်းအတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ငြိမ်းချမ်းသာယာရေကူးကန်ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးကြသည်။
Jan 11, 2023
(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ယနေ့ညပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပသည်။
Jan 11, 2023
(၇၅) နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
Jan 10, 2023
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Manjurul Karim Khan Chowdhury ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ကျန်းမာရေးဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။
Jan 10, 2023
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် ယနေ့မွန်းလွဲ ၁ နာရီတွင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များနှင့် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအတွင်းရှိ မနောအိမ်၌ တွေ့ဆုံသည်။
Jan 10, 2023
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည် တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန စုဝေးခန်းမကြီး၌ ကျင်းပပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် အထူး ဆု ရရှိသူများအား ဆုများပေးအပ် ချီးမြှင့်သည်။
Jan 10, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားကာ ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်သည်။
Jan 09, 2023
(၄၄)ကြိမ်မြောက် သွေးလှူရှင်များဂုဏ်ပြုပွဲနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှချီးမြှင့်သည့် လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)ရရှိသော သွေးလှူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် သူနာပြုတက္ကသိုလ်(ရန်ကုန်)၌ ကျင်းပသည်။
Jan 09, 2023
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်သို့သွားရောက်၍ အဆိုပါကောလိပ်ရှိ အားကစားခန်းမ၌ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံသည်။
Jan 09, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့၌ အသစ်တည်ဆောက်ဖွင့်လှစ်ပေးသွားမည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း မြေနေရာနှင့် ကွန်ပျူတာတက္ကသိုလ် မြေနေရာလျာထားမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
Jan 09, 2023
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများက ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ နန်ပေါင်လေဆိပ်ပန်းဥယျာဉ်ကို ဖွင့်လှစ်ပေးကြသည်။
Jan 08, 2023
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ပြသခဲ့ကြသည့် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဂုဏ်ပြုယာဉ်များ၊ အထိမ်းအမှတ်ပြခန်းများနှင့် တိုင်းရင်းသားရိုးရာအစားအစာ အရောင်းပြခန်းများကို နေပြည်တော်ဥပ္ပါတသန္တိ စေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက်လက်ခင်းကျင်းပြသလျက်ရှိရာ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ စိန်ရတု လွတ်လပ်ရေးနေ့ဂုဏ်ပြု အခမ်းအနားတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆင်နွှဲခဲ့ကြသူများနှင့် ပြည်သူများ စိတ်ပါ ဝင်စားစွာ လာရောက်လေ့လာကြည့်ရှုလျက်ရှိကြ သဖြင့် အထူးစည်ကားလျက်ရှိသည်။
Jan 08, 2023
စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေနှင့် လယ်ယာမြေဥပဒေအရ စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
