Oct 25, 2022
တက္ကသိုလ်ဒုတိယနှစ်နှင့်အထက် သင်တန်းများအားလုံး နိုဝင်ဘာ ၁၀ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ရာ အောက်တိုဘာ ၂၇ ရက်မှစ၍ စနေ၊ တနင်္ဂနွေအပါအဝင် နိုဝင်ဘာ ၁၈ ရက်အထိ ကျောင်းအပ်လက်ခံကြရမည်ဖြစ်ပါကြောင်း၊ ပထမနှစ်သင်တန်းကို နိုဝင်ဘာ ၂၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ် မတ် ၉ ရက်တွင် တက္ကသိုလ် နှစ်ဝက်စာမေးပွဲများ ကျင်းပမည်ဖြစ်၍ စာသင်ချိန်အပြည့် သင်ကြားပေးသွားကြရ မည်ဖြစ်ပါကြောင်း၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများအနေဖြင့် သင်ကြားရေးကိစ္စရပ်များကို ကြိုတင်ပြင်ဆင်ထား ကြစေလိုပါကြောင်း၊ ဘာသာရပ်အလိုက် အတန်းခွဲဝေရာတွင် ခွဲခြားမှု၊ ဘက်လိုက်မှုမရှိဘဲ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က ပြောကြားသည်။
Oct 25, 2022
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ နာယကကြီးများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် Virtual စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယက စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ နာယကများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ၊ ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်သည်။
Oct 25, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့နံနက်ပိုင်းတွင် မင်းဘူး - အမ်း - စစ်တွေလမ်း ကွန်ကရစ်လမ်းခင်းနေမှု၊ ဆတ်ရိုးကျတံတားကြံ့ခိုင်မှုနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Oct 25, 2022
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် လှည်းကူးမြို့နယ် ပညာရေးမှူးရုံး၌ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး၊ လှည်းကူးမြို့နယ်ပညာရေးမှူးနှင့် လှည်းကူးမြို့နယ်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။
Oct 25, 2022
အင်တာပိုလ်၏ ဖိတ်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် ဦးဆောင်၍ အဆင့်မြင့်ရဲအရာရှိကြီးများ ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပသည့် အကြိမ် (၉၀) မြောက် အင်တာပိုလ် အထွေထွေညီလာခံ (90th Session of INTERPOL General Assembly) သို့ တက်ရောက်ခဲ့သည်။
Oct 25, 2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Oct 25, 2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Oct 25, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက လူငယ်သင်တန်းကျောင်း (ရွှေပြည်သာ) တည်ဆောက်ရေးလုပ်ငန်းသို့ရောက်ရှိပြီး သင်တန်းကျောင်းသို့ ရောက်ရှိလာသော ကလေးသူငယ်များအား စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များ ပို့ချပေးနိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားသည်။
Oct 25, 2022
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ ဒေသကုန်ထုတ် စက်ရုံ၊ အလုပ်ရုံများ ပုံမှန်လည်ပတ်နိုင်ရန်နှင့် ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့၏ တာဝန်များကို ကျေပွန်အောင် ကြိုးပမ်းထမ်းဆောင်ကြစေလိုကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက နေပြည်တော်ကောင်စီ၏ နယ်မြေအတွင်းရှိ ဓာတ်အားခွဲရုံများသို့ ယနေ့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ဝန်ထမ်းများအား ထိုသို့တိုက်တွန်းပြောကြားသည်။
Oct 25, 2022
ဧရာဝတီတိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့ရုံးသစ်နှင့် ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဧရာဝတီတိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးတင်အေး တို့က တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
Oct 25, 2022
ဒိန်းမတ်-မြန်မာ စီမံကိန်းမှ ကမ်းနီးငါးလုပ်ငန်း စစ်ဆေးရေးရေယာဉ်နှစ်စင်း လွှဲအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြိတ်မြို့ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် ငါးချဆိပ်ကမ်းတွင် ကျင်းပသည်။
Oct 25, 2022
စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ချောက်/လမ်းရွာရေနံမြေ တွင်းအမှတ် CDT-13၊ CDT-14 နှင့် CDT-15 တို့ကို တူးဖော်နိုင်ခဲ့သကဲ့သို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီနှင့် ပူးပေါင်း၍ တွင်းပေါင်း ၁၄ တွင်း တူးဖော်နိုင်ခဲ့ရာ တစ်ရက်လျှင် ရေနံစိမ်း ၈၀၈ စည်နှင့် သဘာဝဓာတ်ငွေ့ ၁ ဒသမ ၈၇၁၂ သန်းခန့် တိုးတက်ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
Oct 24, 2022
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် ဒေါက်တာစုစုဒွေး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ ကြို့ကုန်းကျေးရွာရှိ မုံရွာဆရာမိုး တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းသို့ ရောက်ရှိပြီး ကုန်ကြမ်းများ သိုလှောင်ထားရှိမှု၊ ကုန်ချောလည်ပတ်ထုတ်လုပ်နေမှု၊ ထုတ်ပိုးမှုနှင့် အရည်အသွေး ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
Oct 24, 2022
ရှမ်းပြည်နယ် (တောင်ပိုင်း) ကျိုင်းတောင်းမြို့၏ အနောက်တောင်ဘက် (၁၄)မိုင်ခန့်အကွာ၊ နမ့်တိန်ချောင်းပေါ်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၅) တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အောက်တိုဘာ ၂၃ ရက်တွင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Oct 22, 2022
မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် စက်ရုံ၊ အလုပ်ရုံများအား အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း သုဝဏ္ဏခန်းမ၌ ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။
Oct 22, 2022
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ အကြိမ်(၃၀)မြောက် (ပုံမှန်)အစည်းအဝေး (၂/၂၀၂၂)ကို ယနေ့နံနက် ၉ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 22, 2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Oct 22, 2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယနေ့အထိ အိမ်သုံး/အများသုံး ဆိုလာစနစ်နှင့် အသေးစားဓာတ်အားစနစ်တို့ဖြင့် မဟာဓာတ်အားလိုင်း ပြင်ပဧရိယာ၏ ၃၅ ဒသမ ၆ ရာခိုင်နှုန်း လွှမ်းခြုံပေးနိုင်ခဲ့ပြီး စွမ်းအင်ကဏ္ဍစီမံခန့်ခွဲမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့ (ESMAP) လေ့လာချက်စစ်တမ်းများအရ စွမ်းအင်ရရှိမှုအဆင့် ၁ မှ ၅ အထိ ဖြည့်ဆည်းပေးနိုင်ခဲ့ကာ ယခုဘဏ္ဍာရေးနှစ်တွင်လည်း အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း ၁၀၄၀၊ အိမ်ခြေပေါင်း ၄၈၇၅၁ အိမ်ကိုလည်းကောင်း၊ အသေးစားဓာတ်အားစနစ် စီမံကိန်းလုပ်ငန်းသုံးခုကို ကျေးရွာရှစ်ရွာ အိမ်ခြေပေါင်း ၁၂၁၅ အိမ်ကိုလည်းကောင်း လျာထားဆောင်ရွက်လျက်ရှိသည်။
Oct 22, 2022
AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ (Task Force) ၏ အဖွဲ့ဝင်အချို့ပါဝင်သည့် ဒုတိယအကြိမ် ကြားဖြတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Oct 22, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား ယနေ့နံနက် ၁၀ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
