Nov 24, 2025
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အပြာရောင်အဆင့် သတ်မှတ်၍ ပြန်လည်ပြုပြင်ပြီး ဝန်ထမ်းအိမ်ရာအဆောက်အအုံများတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ ပြန်လည်ပြောင်းရွှေ့နေထိုင်မှုကို ကြည့်ရှုစစ်ဆေးသည်။
Nov 24, 2025
ရှမ်းပြည်နယ် အင်းလေးဒေသ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့ အခြေခံပညာအထက်တန်းကျောင်း (သာလေး) ၌ ကျင်းပသည်။
Nov 22, 2025
နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါး၊ မိုးစပါးစီမံကိန်းနှင့် ဆီထွက်သီးနှံစီမံကိန်းလုပ်ငန်းဆိုင်ရာများ၊ နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် မေထုန်မဲ့သားစပ်လုပ်ငန်းများဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးဆောင်ရွက်ရန်အတွက် ယနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Nov 22, 2025
စားကုန်သောက်ကုန်ကို အခြေခံသော ကုန်ထုတ်လုပ်မှုကြီးမားသည့် MSME များ တိုးတက်ပြောင်းလဲနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 22, 2025
ပြင်ဦးလွင်မြို့ မြန်မာနိုင်ငံ သစ်တောကျောင်း (၂၀၂၄-၂၀၂၅) ပညာသင်နှစ် အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ် (၁၁၈) ကျောင်းဆင်းစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံမြေတိုင်းကျောင်း အားကစားကွင်း၌ ကျင်းပသည်။
Nov 22, 2025
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်သည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများအတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲသင်တန်းတက်ရောက်လျက်ရှိသည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
Nov 22, 2025
တရားစွဲနှင့် အမှုလိုက်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုတိုးတက်ရေး ဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 22, 2025
ပညာရေးဝန်ကြီးဌာန၏ နှစ်အလိုက်စွမ်းဆောင်ရည် ပြန်လည်သုံးသပ်ခြင်းနှင့် နှစ်အလိုက် ဘဏ္ဍာငွေပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Nov 22, 2025
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၀ ရက်မှ ၂၁ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်အစည်းအဝေးခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာ သင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာ ပထမနှစ် သင်တန်းတက်ရောက်မည့် ကျောင်းသား ကျောင်းသူ ၃၀၄ ဦး အား စိစစ်အတည်ပြုရွေးချယ်သည်။
Nov 22, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် “မြစ်ဝကျွန်းပေါ်ဒေသ မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာတိုးချဲ့ဆောင်ရွက်ခြင်းစီမံကိန်း” ကို ၂၀၂၄ ခုနှစ် ဩဂုတ်လမှ စတင်၍ စီမံကိန်းကာလနှစ်နှစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်းလုပ်ငန်းများ၏ အကျိုးသက်ရောက်မှု၊ ထိရောက်ကောင်းမွန်မှု၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် အားသာချက် အားနည်းချက်များကို သုံးသပ်ဖော်ထုတ်ပြီး ပိုမိုပြည့်စုံကောင်းမွန်သည့် စီမံကိန်းဒီဇိုင်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ အသိပညာမျှဝေဖလှယ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် M-Gallery Hotel ၌ ကျင်းပသည်။
Nov 22, 2025
အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 22, 2025
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် နိုင်ငံခြားစီးပွားဆက်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 22, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာ တာရိခ်ကာရီးမ်အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Nov 22, 2025
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖူးကျန့်ပြည်နယ် ဖူကျိုးမြို့တွင် နိုဝင်ဘာ ၁၆ ရက်မှ ၁၉ ရက် အထိကျင်းပခဲ့သည့် အာဆီယံ-တရုတ် ရက်သတ္တပတ် (၂၀၂၅) အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပြီး ယမန်နေ့ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
Nov 20, 2025
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ်တက်ရောက်မည့် ကျောင်းသား ကျောင်းသူများ စိစစ်ရွေးချယ်ခြင်းသို့ တက်ရောက်သည်။
Nov 20, 2025
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားကော်မတီ၏ စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန ယာယီအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 20, 2025
(၄၉) ကြိမ်မြောက် လစဉ်ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
Nov 20, 2025
မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းက ကြီးမှူး၍ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက်မှ ၂၅ ရက်အထိ ကျရောက်သော ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ ရက်သတ္တပတ်-၂၀၂၅ (Global Entrepreneurship Week 2025) နှင့် ယနေ့တွင် ကျရောက်သော အမျိုးသမီး စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များနေ့ - ၂၀၂၅ (Women Entrepreneurship Day 2025) ကို ဂုဏ်ပြုသောအားဖြင့် “အတူတွဲတည်ဆောက်ကြမည်၊ သူမအတွက် ရင်းနှီးမြှုပ်နှံကြစို့” ( Together We Build: Invest in Her) ဆောင်ပုဒ်ဖြင့် ကျင်းပသည့် အခမ်းအနားကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည်။
Nov 20, 2025
နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ တတိယအစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ဆက်လက်ကျင်းပသည်။
Nov 20, 2025
မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ စာရေးဆရာအသင်းက ငွေကျပ်သိန်း ၁၅၀၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းက ငွေကျပ်သိန်း ၂၀၀ စုစုပေါင်း ငွေကျပ်သိန်း ၃၅၀ ကို အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့မွန်းလွဲပိုင်းတွင် လာရောက်လှူဒါန်းသည်။
