Mar 25, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၂/၂၀၂၅) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသည်။
Mar 25, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် အင်းဝယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 25, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ယင်းမလည်ချောင်းပေါ်ရှိ မြေအောက်တမံတည်ဆောက်မည့်နေရာကို ကြည့်ရှုစစ်ဆေးခဲ့သည်။
Mar 25, 2025
(၂၃) ကြိမ်မြောက် ခွဲစိတ်ဆရာဝန်များညီလာခံ (23rd Biennial Surgeons’ Conference) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ Novotel Yangon Max Hotel ၌ ကျင်းပသည်။
Mar 25, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရှိ ဝန်ထမ်းများအတွက် ဥပဒေအသိပညာဖြန့်ဝေခြင်းဆင့်ပွားသင်တန်း အမှတ်စဉ်(၃)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၃၆) ၌ ကျင်းပသည်။
Mar 25, 2025
ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Mar 22, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဆီစက်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်း သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်
Mar 22, 2025
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ အမှတ် (၅) စက်မှုသင်တန်းကျောင်း (မကွေး) ၌ ကျင်းပသည့် အမှတ်စဉ် (၁၂) စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားသို့ Virtual စနစ်ဖြင့် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမမှ တက်ရောက်သည်။
Mar 22, 2025
၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Mar 22, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဘရာဇီးဖက်ဒရယ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဂူစတာဗို ရော်ချာဒီ မင်နင်းဇီးစ်အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Mar 22, 2025
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် (၃၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 22, 2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူသည် ယနေ့မွန်းလွဲပိုင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် ကျင်းပသည့် အိန္ဒိယနိုင်ငံ၏ Quick Impact Projects အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သည့် Departmental E-library Project နှင့် Water Supply Using Solar Power in the Drought Affected Villages of Central Dry Zone of Myanmar Project တို့၏ စီမံကိန်းပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
Mar 22, 2025
နီပေါ - မြန်မာ ကုန်သွယ်မှုနှင့် ခရီးသွားလာမှုပြပွဲအခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ Lotte ဟိုတယ်၌ ကျင်းပသည်။
မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ရရှိခဲ့သော စီမံကိန်းများ မိတ်ဆက်
Mar 22, 2025
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံ ငွေ (၂၀၂၄) ဖြင့် ရရှိခဲ့သည့် “ဝါး စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်နိုင်ရေးအတွက် ဝါးဆန်းသစ်တီထွင်မှု ထုတ်ကုန်များဆိုင်ရာ သုတေသနစင်တာ တည် ထောင်ရေးစီမံကိန်း (လုပ်ငန်းစဉ်- ၁)” စီမံကိန်းနှင့် “ဒစ်ဂျစ်တယ်စီးပွားရေးကို ပံ့ပိုးပေးရန်အတွက် အိုင်စီတီပူးပေါင်းဆောင်ရွက်သော ဆန်းသစ်တီထွင်မှုများ တိုးမြှင့်ခြင်းဆိုင်ရာစီမံကိန်း” များ မိတ် ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
Mar 22, 2025
မလေးရှားနိုင်ငံ ပီနန်းမြို့၌ ၂၀၂၅ ခုနှစ် မတ် ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၂၂) ကြိမ်မြောက်အစည်းအဝေးသို့ အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ မြန်မာနိုင်ငံ၏ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
Mar 22, 2025
အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားအကောင်အထည်ဖော်ရေးအမျိုးသားကော်မတီ (National Complaints Mechanism– NCM) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 22, 2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီး ဌာန တောင်ကြီးမြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ မြို့နယ်ရုံးအတွင်း၌ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများ၊ လဲလှယ်နှင့် မိတ္တူလျှောက်ထားသူပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားကတ် စိစစ်ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးသည်။
Mar 21, 2025
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံး၌ ဝန်ထမ်းများ၊ ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Mar 21, 2025
ဒေသဆိုင်ရာ အညွှန်း (Geogra-phical Indications-GIs) နှင့် စပ်လျဉ်းသည့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၃) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ - ၂ ၌ ကျင်းပသည်။
Mar 21, 2025
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque နှင့်အဖွဲ့အား ယနေ့တွင် ဥပဒေရေးရာဝန်ကြီးဌာနရှိ သံတမန်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
