Jan 14, 2025
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၉ ရက်နံနက်က ပေကျင်းမြို့ရှိ ပေကျင်းစက်မှုတက္ကသိုလ် (Beijing Institute of Technology- BIT) သို့ရောက်ရှိခဲ့ပြီး ဒုတိယပါမောက္ခချုပ် Professor WEI Yiming၊ မဟာဌာနမှူးများ၊ ပါမောက္ခများနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။
Jan 14, 2025
အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ (၁/၂၀၂၅) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ၊ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများ၊ မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးအသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
Jan 14, 2025
လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာနှင့် မြန်မာ့နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအခြေအနေ အကြောင်းတရားများကို သိရှိနားလည်ထားရန်လိုအပ်ကြောင်း၊ မီဒီယာ၏သဘောသဘာဝကိုနားလည်ပြီး မိမိတို့ကိုယ်တိုင် သတင်းမှန်များကို ပိုင်းခြားသိရှိရန်နှင့် ပြည်သူလူထုကို သတင်းအမှန်များ မျှဝေပေးရန်လိုကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။
Jan 13, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၇ ရက် မွန်းလွဲပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ China National Accreditation Service for Conformity Assessment (CNAS) ရုံးချုပ်သို့ ရောက်ရှိရာ အမှုဆောင်အရာရှိချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကြသည်။
Jan 13, 2025
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ သုတေသနဌာနခွဲ(ပြင်ဦးလွင်)၌ MSME လုပ်ငန်းများ၏ စားသောက်ကုန်များ၊ စက်မှုလုပ်ငန်းများမှ ထွက်ရှိသည့် စွန့်ပစ်ရေများကို စမ်းသပ်စစ်ဆေးပေးနိုင်ရန် ဓာတ်ခွဲခန်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေး သည်။
Jan 13, 2025
ကချင်ပြည်နယ် ပူတာအိုမြို့၌ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
Jan 12, 2025
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jan 12, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်ရှိ ဒေသခံတောင်သူ ၉၀ ပိုင်ဆိုင်သည့် လယ်မြေဧက ၂၆၀ ဒသမ ၇၀ ကို နိုင်ငံတော်၏ခွင့်ပြုရန်ပုံငွေဖြင့် စက်မှုလယ်ယာစနစ်ကျလယ်မြေအဖြစ် ဖော်ထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား အချိန်မီစိုက်ပျိုးနိုင်စေရေး ဆွေးနွေးမှာကြားသည်။
Jan 12, 2025
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ၏ (၃၂)ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 12, 2025
ပဉ္စမအကြိမ်မြောက် အာဆီယံ-အိန္ဒိယ အခြေခံဆန်းသစ်တီထွင်မှုဆိုင်ရာဖိုရမ်၏ Innovation Project Competition တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်၍ ကျောင်းသားလူငယ်များ၏ ပြည်တွင်းအဆင့် အခြေခံဆန်းသစ်တီထွင်မှုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်ရှိ Naypyitaw State Polytechnic University ၌ ကျင်းပသည်။
Jan 12, 2025
ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံကင်ဆာရောဂါဆိုင်ရာ ဓာတ်ရောင်ခြည်ဆေးကုသမှုပညာရှင်များ၏ ညီလာခံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ Wyndham Grand Hotel ၌ ကျင်းပသည်။
Jan 12, 2025
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံသည်။
Jan 12, 2025
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ခန်းမ၌ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်၊ မန်နေဂျာ၊ အခြေခံအလုပ်သမားအဖွဲ့အစည်းဝင်များနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။
Jan 12, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇန်နဝါရီ ၁၀ ရက်က ဈေးကွက်လိုအပ်ချက်အရ ဆော်ဒီအာရေဗျနိုင်ငံသို့ မွေးမြူရေးရေထွက်ကုန်ပစ္စည်းများ တင်ပို့ခွင့် ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ Two Rivers Company Limited သို့ရောက်ရှိ ပြီး ငါး၊ ပုဇွန် ပြုပြင်အေးခဲထုပ်ပိုးနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ခံက အရည်အသွေးမြင့် ငါး၊ ပုဇွန် ပြုပြင်အေးခဲ၍ SAUDI, CHINA, DUBAI, UAE,VIETNAM, OMAN, DOHA QATAR နိုင်ငံများသို့ တင်ပို့နေမှုနှင့် MSL Industries Co., Ltd. ဒိန်းမတ်နိုင်ငံမှ အဆင့်မြင့်အေးခဲခြင်းနည်းပညာဖြင့် SAUDI, CHINA, KOREA, MALAYSIA, INDIA နိုင်ငံများသို့ တင်ပို့နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
Jan 12, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ပုဂံညောင်ဦးမြို့ရှိ ရွှေစည်းခုံစေတီတော်ဂေါပကရုံး၌ ကျင်းပသည့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်ပြုပြင် ထိန်းသိမ်းရေးဆောင်ရွက်ရာတွင် ဘက်စုံလွှမ်းခြုံသောအစီအစဉ် (Master Plan)ရေးဆွဲနိုင်ရေး ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
Jan 12, 2025
(၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ကချင်ပြည်နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပသည်။
Jan 11, 2025
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်တွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I)၌ ကျင်းပမည်ဖြစ်ရာ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 10, 2025
မကွေးတိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများတွင် (Pagoda Digital Directory) ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်များတပ်ဆင်မည့် အခြေအနေရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မနက်ပိုင်းတွင် မကွေးမြို့ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 10, 2025
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မြစ်ကြီးနားမြို့၌ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ အရာထမ်း / အမှုထမ်းများနှင့် ဇန်နဝါရီ ၈ ရက်က မြစ်ကြီးနားလူထုအခြေပြုဗဟို ဌာန(Community Centre)၌ တွေ့ဆုံသည်။
Jan 10, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim RYZHENKOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရုံးအမှတ်(၁)၌ လက်ခံတွေ့ဆုံသည်။
