Skip to main content

 ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၄

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ အာဇာနည်လမ်းရှိ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားတွင် မရမ်းကုန်းမြို့နယ်၊ နန်းဦးပရဟိတ္တကျောင်းတိုက်ဆရာတော်ငါးပါးတို့က မေတ္တာသုတ် ပရိတ်တရားတော်များရွတ်ဖတ်ကြပြီး တက်ရောက်လာကြသော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တာဝန်ရှိသူများက ဆရာတော်ကြီးများထံမှ ငါးပါးသီလ ဆောက်တည်ကြသည်။

ဆက်လက်၍ နန်းဦးပရဟိတ္တဆရာတော်အရှင်ဦးဇော်တိက က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၏ နှစ်(၃၀)ပြည့် အထိမ်းအမှတ်တရားတော်များ ဟောကြားခဲ့ပြီးနောက် တက်ရောက်လာကြသော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက လှူဖွယ်သင်္ကန်း၊ လှူဖွယ်ဝတ္တုများကို ဆရာတော်သံဃာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ဆရာတော်အရှင်ဦးဇောတိကမှ ရေစက်ချတရား ချီးမြှင့် ဟောကြား ခဲ့သည်။

ထို့နောက် ဆရာတော်များအား ပြန်ကြားရေးမိသားစုများက နေ့ဆွမ်းဆက်ကပ်ကြသည်။ အဆိုပါ နှစ်(၃၀)ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ထားသော စည်းကမ်းချက်များနှင့်အညီ ကျင်းပ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

အောင်မြင့်