Skip to main content

အာရှ-ပစိဖိတ်ဒေသဆိုင်ရာကင်းထောက်ကော်မတီနှင့်မြန်မာနိုင်ငံကင်းထောက်အဖွဲ့တို့ သင်တန်းဖွင့်လှစ်နိုင်ရေး အွန်လိုင်းဖြင့် ဆွေးနွေး

ရန်ကုန်   ဇန်နဝါရီ   ၂၅


အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ကင်းထောက်ကော်မတီနှင့်    မြန်မာနိုင်ငံ         ကင်းထောက်အဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ပထမအကြိမ် မြန်မာကင်းထောက်       ဆရာဖြစ် သင်တန်း (Woodbadge)     ဖွင့်လှစ်နိုင်ရေး အွန်လိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ  ၁ နာရီက ကျင်းပသည်။


အာရှ-ပစိဖိတ်      ဒေသဆိုင်ရာ ကင်းထောက်ကော်မတီ သင်တန်း တာဝန်ခံ ဟောင်ကောင်ကင်းထောက်အဖွဲ့မှ Mr. Wilson Lai နှင့် နိုင်ငံတကာမှ ကင်းထောက် သင်တန်းနည်းပြ ဆရာများ၊  မြန်မာနိုင်ငံ  ကင်းထောက်အဖွဲ့ချုပ်မှ  အမျိုးသားကင်းထောက်ချုပ်    ဒေါက်တာတင်ညို၊ ဒုတိယကင်းထောက်ချုပ်   ဦးသာစိန်နှင့်   ကင်းထောက်မှူးချုပ်များ၊   ကင်းထောက်ကြီးများက သင်တန်းဖွင့်လှစ်နိုင်ရေး   ကြိုတင် ပြင်ဆင်ထားမှု     အစီအစဉ်များကို ညှိနှိုင်း ဆွေးနွေးကြသည်။


ယင်းသင်တန်းကို  ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့     အာရှ-ပစိဖိတ်ဒေသ ကင်းထောက်ထောက်ပံ့ရေးဌာနခွဲ၏ ကူညီပံ့ပိုးမှုဖြင့်    မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အဖြစ်      မြန်မာကင်းထောက်    ဆရာဖြစ်သင်တန်း (Woodbadge)ကို ကမ္ဘာ့ကင်းထောက် အဖွဲ့နှင့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်ကော်မတီ နိုင်ငံ တကာမှ သင်တန်းနည်းပြ ဆရာများက ကမ္ဘာ့ ကပ်ရောဂါအခြေအနေကြောင့် အွန်လိုင်းစနစ်ဖြင့်  သင်ကြားပို့ချပေးရန် စီစဉ်ခြင်းဖြစ်သည်။


နေပြည်တော်တွင်   အာရှ-ပစိဖိတ်ဒေသ   ကင်းထောက်ကော်မတီမှ အခြေခံကင်းထောက်ခေါင်းဆောင်သင်တန်း (Basic   Unit    Leaders Training)  တက်ရောက်အောင်မြင်ခဲ့ သည့်     ကင်းထောက်ကြီးများ၊ ကင်းထောက်   ဆရာ  ဆရာများ၊ ကျောင်းသား ကျောင်းသူများ ၆၀ အား ဇန်နဝါရီ   ၃၁  ရက်နှင့်  ဖေဖော်ဝါရီ ၆   ရက်တို့တွင်     ပထမအသုတ်   အဖြစ်လည်းကောင်း၊   တက္ကသိုလ်ကင်းထောက်ခေါင်းဆောင်များအား မတ်လတွင်လည်းကောင်း အွန်လိုင်းစနစ်ဖြင့်  သင်ကြားပို့ချပေးရန်  စီစဉ်ထားကြောင်း သိရသည်။


သတင်းစဉ်