Skip to main content

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် စံရိပ်ငြိမ် ဂမုန်းပွင့်နှင့် Juntion Square တို့တွင် Stop COVID 19 အဝါရောင် Campaign အခမ်းအနားကျင်းပပြုလုပ်

ကမာရွတ် ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့် ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု ဖြင့် ကမာရွတ်မြို့နယ်အတွင်းရှိ  စံရိပ်ငြိမ် ဂမုန်းပွင့်စင်တာနှင့် Junction Square တို့တွင် Stop ကိုဗစ်-၁၉ အဝါရောင် Mask Campaign အသိပညာပေးလှုပ်ရှားမှုကို ယမန်နေ့ ညနေ ၅ နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လူမူရေး ဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်း ၁ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း၊ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် စည်ပင်အုပ်ချုပ်ရေးမှူးနှင့် စည်ပင်ဌာနမှ တာဝန်ရှိသူများ၊ ဂမုန်းပွင့်စင်တာနှင့် Junction မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ် ကိုဗစ် - ၁၉ ကာကွယ်တိုက်ဖျက်ရေး ကော်မတီဥက္ကဋ္ဌနှင့် ပရဟိတအသင်းအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြ ပြီး အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ အဖွင့်အမှာစကား ပြောကြားပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်း၊ ကျန်းမာရေး အသိပညာပေး Stop Covid အဝါရောင် Campaign ပညာပေးခြင်းများ၊ စင်တာများအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အခမ်းအနားပြီးမြောက်ကြောင်း သိရသည်။

စိမ်းလဲ့ (ပြန်/ဆက်)