Skip to main content

ကိုရီးယားကြက်ခြေနီလူငယ်များ သန်လျင်မြို့နယ်ရှိ ကျိုက်အင်း အခြေခံပညာမူလတန်းလွန် ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ

နေပြည်တော်  ဖေဖော်ဝါရီ ၂

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြက်ခြေနီစေတနာ လုပ်အားရှင်များနှင့်အတူ ကိုရီးယား ကြက်ခြေနီလူငယ်များသည် ယမန်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ ကျိုက်အင်းအခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံသည်။

ကိုရီးယားကြက်ခြေနီ လူငယ်များသည် ရိုးရာယဉ်ကျေးမှုများဖလှယ်ခြင်း၊ စုပေါင်းကစားခြင်း၊ မျက်နှာဆေးခြယ်ခြင်း၊ ကလေးများ ကိုယ်တိုင်ရေးဆွဲသည့် ရုပ်ပုံများကို ရင်ထိုးတံဆိပ် ပြုလုပ်ပေးခြင်း၊  လက်ဆောင်ပစ္စည်းများပေးဝေခြင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်းမှု လက်တွေ့လုပ်ဆောင်ပြခြင်းတို့ကို ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ပျော်ရွှင်စွာစုပေါင်းလုပ်ဆောင် ခဲ့ကြသည်။

ကိုရီးယားလူငယ်ကြက်ခြေနီအသင်းသည် ၂၀၁၈ ခုနှစ်တွင် ကျိုက်အင်းမူလွန်ကျောင်းတွင် လူမှုကရုဏာလုပ်ငန်းများကို ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

(ဂျိုင်းလော)