Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မန္တလေးငလျင်ကြီးဒဏ်သင့် ပညာရေးဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများနေထိုင်ရန် အဆောက်အအုံများဆောက်လုပ်မည့် မြေနေရာနှင့် ကျောင်းအဆောက်အအုံများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၁

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ပညာရေးဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ နေထိုင်ရန်နှစ်ခန်းတွဲ Basha အဆောက်အအုံများ ဆောက်လုပ်မည့် မြေနေရာသို့ သွားရောက်၍ မြေညှိရှင်းလင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက လုံလောက်သော လမ်းအကျယ် ဖောက်လုပ်ရေး၊ နေအိမ်များ ခိုင်ခံ့မှုရှိစေရေး၊ မိုးဒဏ်လေဒဏ်ခံနိုင်ရေး၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းရေး၊ မိုးလေမကျမီ အမြန်ဆုံးဆောက်လုပ်၍ မေလအတွင်း အမြန်ပြီးစီးရေး၊ ဝန်ထမ်းများပြောင်းရွှေ့နေထိုင်သည့်အခါ လျှပ်စစ်မီးရရှိရေး၊ သောက်ရေသုံးရေများ ရရှိရေးဆောင်ရွက်ကြရန် တာဝန်ရှိသူများကိုမှာကြား၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ် အမှတ် (၁၈) အခြေခံပညာ အထက်တန်းကျောင်းသို့သွားရောက်၍ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ ပျက်စီးမှုများကို ကျောင်းဖွင့်အမီပြီးစီးအောင် ပြင်ဆင်ရေး စီစဉ်ဆောင်ရွက်ပေးပြီး ဆရာ ဆရာမများအနေဖြင့် မိုးကြိုကာလတွင် ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ အထူးဂရုပြု နေထိုင်ကြရန်နှင့်သင်္ကြန် ရုံးပိတ်ရက် ကာလပြီးစီး၍ ရုံးများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းမှာကြားကာ သက်ဆိုင်ရာတာဝန်ရှိသူများအား အဆင့်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်