Skip to main content

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော်နှင့် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား COVID - 19 ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ရန်ကုန် မတ် ၁၉ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော်နှင့် ထေရ်ကြီး ဝါကြီးဆရာတော်ကြီးများအား COVID-19 ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သိရီမင်္ဂလာ ကမ္ဘာ့အေးကုန်းမြေရှိ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဘုရားခန်း၌ ပြုလုပ်သည်။ ဆေးထိုးနှံခြင်း အစီစဉ်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်း တိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တဒေါက်တာ ကုမာရာဘိဝံသ၊ နိုင်ငံတော် သြဝါဒါစရိယ၊ အင်းစိန်ရွာမကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တတိလော ကာဘိဝံသ နှင့်နိုင်ငံတော် သြဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့အကျိုးတော် ဆောင် သန်လျင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့်ရန်ကုန် တိုင်းဒေသကြီး ဂိုဏ်ပေါင်းစုံ သံဃနာယကဆရာတော်ကြီးများစုစုပေါင်း(၄၅)ပါးတို့အား ရန်ကုန်တိုင်းစစ်ဌာန ချုပ် ဆေးအဖွဲ့က ကျန်းမာရေးစစ်ဆေးပေးကြပြီး ဒုတိယအကြိမ်အဖြစ် COVID-19 ရောဂါ ကာကွယ် ဆေးထိုးနှံပေးကြသည်။ ထိုသို့ဆရာတော်ကြီးများအား COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေ ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဝင် ဦးဇော်ဝင်း နှင့်တာဝန်ရှိ သူများက သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြ ကြောင်းသိရ သည်။ (သတင်းစဉ်)