Skip to main content

ရန်ကုန်မြို့အတွင်းရှိ လမ်းမကြီးများပေါ်၌ ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်များ ပုံမှန်နီးပါး စည်ကားများပြား

ရန်ကုန် မတ် ၂၅ ယနေ့ မတ် ၂၅ ရက်တွင် ရန်ကုန်မြို့တွင်းရှိ လမ်းမ ကြီးများပေါ်၌ ခရီးသွားပြည်သူများ၊ မော်တော်ယာဉ် များဖြင့် ဟိုယခင်ကအတိုင်း ပုံမှန်နီးပါး စည်ကား များပြားလျက်ရှိသည်ကို ဓာတ်ပုံသမား ကိုလင်း တစ်ယောက် စိတ်ချမ်းမြေ့စွာ မြင်တွေ့မှတ်တမ်း တင်လိုက်ရပါသည်။ အနော်ရထာလမ်းမကြီးတစ်လျှောက်၊ ဗိုလ်ချုပ် လမ်းတစ်လျှောက်နှင့် ဆူးလေဘုရားလမ်း တစ်လျှောက်တို့ကို ဖြတ်သန်းသွားလာစဉ် ခရီးသွား ပြည်သူများ စီးနှင်းလိုက်ပါလာသည့် YBSမော်တော် ယာဉ်လိုင်းကားများ၊ အိမ်စီးမော်တော်ယာဉ်များ နှင့် အငှားယာဉ်များပုံမှန် သွားလာ လျက်ရှိသည်ကို တွေ့ရသည်။ အလားတူ ပြည်လမ်းမတစ်လျှောက်တွင် လည်း YBS မော်တော်ယာဉ်လိုင်းကားများ အပါ အဝင် အိမ်စီးမော်တော်ယာဉ်များနှင့် အငှားယာဉ် များ သွားလာလျက်ရှိသည်။ ။ ထို့ပြင် ပန်းဆိုးတန်း လမ်းမကြီးတစ်လျှောက်၊ ကမ်းနားလမ်းတစ်လျှောက်နှင့် ဗိုလ်တထောင် ဘုရားလမ်းတို့တွင်လည်း YBS မော်တော်ယာဉ်လိုင်းကားများ၊ အိမ်စီးမော်တော်ယာဉ်များ၊ အငှား ယာဉ်များနှင့် ကုန်ပစ္စည်းများ တင်ဆောင်ထားသည့် ကွန်တိန်နာယာဉ်ကြီးများ သွားလာ လျက်ရှိနေသည်ကို တွေ့မြင်ရသည်။ လမ်းပိတ်ဆို့တားဆီးမှုများကို ဘူဒိုဇာစစ်ဆင်ရေးဖြင့် ဖယ်ရှားခဲ့သည်ကို အေးချမ်းစွာနေလိုသူ ပြည်သူများက ဝမ်းသာအားရ ကျေနပ်လျက်ရှိသည်ကို ကြားသိခဲ့ရသည်။ သတင်းနှင့်ဓာတ်ပုံ - လင်းလတ်ဇော်