Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရမည်းသင်း မြို့ရှိ နယ်မြေခံ လေ့ကျင့်ရေးကျောင်းမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းသား စစ်သည်များအား သီးခြားစီ တွေ့ဆုံ

နေပြည်တော်၊ ဧပြီ-၁၀ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီးများနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တို့ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရမည်းသင်းမြို့ရှိ နယ်မြေခံလေ့ကျင့်ရေး ကျောင်းမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းသားစစ်သည်များအား သီးခြားစီ တွေ့ဆုံ အမှာစကားပြောကြားသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် နယ်မြေခံသင်တန်းကျောင်းမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ၍ ယခု ဖြစ်ပေါ် လျက်ရှိသော ဆူပူအကြမ်းဖက်မှုဖြစ်စစဉ်များကို အမှန်အတိုင်း သိရှိစေရန် အတွက် ဖြစ်စစဉ်ဖြစ်ရပ် များအပေါ် နှစ်ဖက်မျှမျှတတ ရေးသားနိုင်ဖော်ပြနိုင်ရေး ပြည်ပသတင်းဌာနတစ်ခုဖြစ်သော CNN သတင်းဌာနအား သတင်းရယူ ခွင့်ပြုပေးခဲ့ သည့်အခြေအနေများ၊ အကြမ်းဖက်ဖျက်ဆီးမှုများကို ရေးသားဖော်ပြခြင်း မရှိဘဲ ဆန့်ကျင်ဘက်အဖွဲ့များအပေါ် အသာပေးရေးသားဖော်ပြမှု အခြေ အနေများ၊ ထို့ကြောင့် အရာရှိ၊ စစ်သည်များအနေဖြင့် သတင်းမှားများကို သတိထား ဆင်ခြင်နိုင်ရန် လိုအပ်မှု အခြေအနေများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဖေဖော်ဝါရီလ ၄ ရက်မှ ၂၂ ရက် အတွင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို လွတ်လပ်စွာ ပြသခွင့်ပြုပေး ခဲ့သည့် အခြေအနေများ၊ ဖေဖော်ဝါရီလ ၂၂ ရက်နောက်ပိုင်း ဆန္ဒပြမှုမှတစ်ဆင့် ခြိမ်းခြောက် အကြပ်ကိုင်မှု၊ ရဲစခန်း၊ တရားရုံး၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးများအပါအဝင် စက်ရုံ အလုပ်ရုံ များအား မီးရှို့ဖျက်ဆီးခြင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် အရပ်သားများအား ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အသက် အန္တရာယ်ထိခိုက်စေနိုင်သည်အထိ သေစေနိုင်သော လက်နက်များ စွဲကိုင်ထိပ်တိုက် ရင်ဆိုင်ပစ်ခတ်လာခြင်း၊ ဆူပူအကြမ်း ဖက်သူများကို ပြည်ပမှ တရားမဝင်ရယူ ထားသော ငွေကြေးများဖြင့် ထောက်ပံ့ပေးကာ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာအောင် စေခိုင်းခြင်းတို့နှင့်ပတ်သက်၍လည်းကောင်း၊ နိုင်ငံ့ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာ ဆက်ဆံရေးပျက်ယွင်းစေရန် စက်ရုံအလုပ်ရုံများ မီးရှို့ဖျက်ဆီးလာမှုတို့ကြောင့် မြို့နယ် ၆ မြို့နယ်အား စစ်အုပ်ချုပ်ရေးအမိန့် (Martial Law) မဖြစ်မနေ ထုတ်ပြန်ခဲ့ရမှု အခြေအနေများနှင့် ဒီမိုကရေစီစနစ် ဖော်ဆောင်မှုကို အတတ်နိုင်ဆုံး ဖွဲ့စည်းပုံအခြေခံ ဥပဒေပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး မြို့နယ် ၃၃၀ အနက် မဖြစ်မနေ ၆ မြို့နယ်ကိုသာ ပြဌာန်းခဲ့ရသည့်အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းပြောကြားသည်။ ကြိုးပမ်းဆောင်ရွက် ဆက်လက်၍ အရာရှိ၊ စစ်သည်များအနေဖြင့် အဓိက နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ရမည်ဖြစ်သဖြင့် စုစည်းအားပြည့်ဝနေရန် လိုအပ်သော ကြောင့် တပ်တွင်း စည်းလုံးညီညွတ်မှုကို တည်ဆောက်ရန်၊ တစ်ဦးချင်း၏ ကိုယ်ခံ စွမ်းအားများ ကောင်းမွန် စေရန်အတွက် ကျန်းမာကြံ့ခိုင်ရန် လိုအပ်ပြီး တစ်ဦးချင်း သော်လည်းကောင်း၊ အဖွဲ့လိုက်သော် လည်းကောင်း လေ့ကျင့်ဆောင်ရွက်ရန်၊ အနေအထိုင်အပြုအမူ၊ အစားအသောက်များကို ဆင်ခြင်၍ ကျန်းမာသန်စွမ်းအောင် ပြုလုပ်ကာ တပ်၏အစစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်း၍ နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထားရသည့် စစ်သည်တော်ကောင်း များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရန်တို့အား မှာကြားသည်။ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံ တော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အရာရှိ၊ စစ်သည်၊ မိသားစု များအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်၍ ရင်းရင်း နှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့သည်။ ရှင်းလင်းမှာကြား ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် သင်တန်းသား စစ်သည်များအား သီးခြားတွေ့ဆုံ၍ မကြာမီ စစ်သည်တော်ကောင်းများအဖြစ် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင် ကြရမည့်သူများဖြစ်သောကြောင့် နိုင်ငံ၏ ပကတိဖြစ်ပေါ်နေမှုများကို အမှားနှင့်အမှန် ခွဲခြားသိမြင်ရန် လိုအပ်သည့်အခြေအနေများ၊ တစ်ဦးချင်း၏ ယုံကြည်ချက်၊ ခံယူချက် ပြည့်ဝရန်၊ စွမ်းရည်ထက်မြတ်သည့် စစ်သည်တော် ကောင်းများဖြစ်ရန် သင်ကြားပို့ချ ပေးသည့် စစ်ပညာရပ်များကို “ လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ်အတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများ၊ ကျန်းမာကြံ့ခိုင်သည့် စစ်သည်များ ဖြစ်စေရန် လေ့ကျင့် ဆောင်ရွက်ရန်နှှင့် ကျန်းမာရေးကို ထိခိုက်နိုင်သော အနေအထိုင်၊ အစားအသောက်၊ အပြုအမူတို့အား ရှောင်ရှားရန်၊ မိမိရရှိသော လစာနှင့် ပတ်သက်၍ ဝင်ငွေနှင့် ထွက်ငွေ မျှတအောင် သုံးစွဲရန်၊ မိမိကိုယ်ကို ထိန်းသိမ်း ဆောင်ရွက်ရန်အတွက် သွားသင့်သည့် နေရာသို့သာသွားရန်၊ ပြောသင့်သည့်စကားကို သာပြောရန်၊ လုပ်သင့်သည့်အလုပ် ကိုသာလုပ်ရန်၊ ပေါင်းသင့်သည့် သူနှင့်သာ ပေါင်းရန်၊ သင်တန်းကျောင်းက သင်ကြား ပို့ချပေးလိုက်သည့် သင်ခန်းစာများကို အမြဲတမ်းလေ့လာ မှတ်သား လိုက်နာ၍ အောင်ပွဲရ စစ်သည်၊ တပ်ရင်း၊ တပ်ဖွဲ့တို့က အားထားယုံကြည်ရသည့် စစ်သည် တော်ကောင်းများဖြစ်အောင် ကြိုးစားသွားကြရေးတို့အား အသေးစိတ်ရှင်းလင်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်