Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရှမ်းပြည်နယ် ကျိုင်းတုံနှင့် တာချီလိတ်ခရိုင်အတွင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဧပြီ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် ဟိုတယ်နှင့်ခရီသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဧပြီ ရက် နံနက်ပိုင်းတွင် ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရကျောင်းသို့ ရောက်ရှိပြီး သီလဓမ္မကုန်းသာတောရ ကျောင်း ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တကောဝိဒ(ဝစီပိတ် ဆရာတော်)အား ဖူးမြော်ကြည်ညိုကာ အာရုဏ်ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်သော ဘုရားဖူးခရီးစဉ် တစ်ခုအဖြစ် ဖော်ဆောင်နိုင်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ပန်ကွဲကျေးရွာ၊ ပန်ကွဲတောင်၊ ဗုဒ္ဓဥယျာဉ်တော်သို့ သွားရောက် ကြည့်ရှုသည်။

အဆိုပါ ဥယျာဉ်တော် ပရိဝုဏ်အတွင်း၌ ဉာဏ်တော်အမြင့် (၇၂-ပေ)ရှိ အဘယရာဇ မုနိရုပ်ပွားတော်မြတ်ကြီး၊ မိုင်းဖုန်းဆရာတော်ဓမ္မဂူ၊ အလင်္ကာပန်းခင်း၊ ဩဝါဒပန်းခင်း၊ မုဒြာပန်းခင်းနှင့် ဘုရားစေတီပုထိုးများ၊ စတော်ဘယ်ရီနှင့် နှင်းဆီပန်းစိုက်ခင်းများရှိပြီး လာရောက်သူ ခရီးသွားပြည်သူများအတွက် ဘုရားဖူးအပန်းဖြေ အနားယူရန် ကောင်းမွန်သည့် နေရာတစ်ခုဖြစ်သည်။ ထို့ပြင် COVID-19 အလွန်ကာလာတွင် ခရီးသွားဧည့်သည်များ အနေဖြင့် အဆိုပါဗုဒ္ဓဉယျာဉ်တော်၏ ပတ်ဝန်းကျင် ကျေးရွာများ၌ တိမ်ပင်လယ်ကြည့်ရှုခြင်း၊ trekking ပြုလုပ်နိုင်ခြင်းနှင့် ဒေသခံတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို လေ့လာ နိုင်သည့် လူထုအခြေပြုခရီးသွားလုပ်ငန်း Community Based Tourism (CBT) အကောင် အထည်ဖော်ဆောင်ရွက်နိုင်သော နေရာများဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်  ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ (၅၅၄၀) မှ (၆၀၁၂) အထိ မြင့်မားသည့် တောင်ကုန်းတောင်တန်းများပေါ်၌ တည်ရှိသော လွယ်မွေမြို့သို့ ရောက်ရှိပြီး လွယ်မွေမြို့ရှိ ခရီးသွားဆွဲဆောင်မှုနေရာတစ်ခုဖြစ်သည့် ဗြိတိသျှ ကိုလိုနီခေတ် (၁၉၁၈) ခုနှစ်၌ ဆောက်လုပ်ခဲ့သော နှစ် (၁၀၀) ကျော် သက်တမ်းရှိသည့် Colonel Rubel နေအိမ်နှင့် ကောင်းမှုတော်ဆည်တို့ကို ကြည့်ရှုပြီး  မြန်မာ-ထိုင်း-လာအို-တရုတ်()နိုင်ငံ ပြည်သူများ ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံရေးအတွက် ရည်ရွယ်ပြီး တည်ထားကိုးကွယ်ထားသော စတုရဋသုမင်္ဂလစေတီတော်မြတ်ကြီးအား ဖူးမြော် ကြည်ညိုသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်စပ်ဒေသများတွင် နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်တန်းခရီးစဉ် (Caravan Tour) များအဆင်ပြေ လွယ်ကူချောမွေ့စွာ ဖော်ဆောင်နိုင်ရေးအတွက် ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအို ချစ်ကြည်ရေး တံတားသို့ သွားရောက်ကြည့်ရှုသည်။

ယင်းတံတားကို ၂၀၁၅ ခုနှစ် မေ ()ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ အာရှလမ်းမကြီးနှင့် ဆက်သွယ်ထားကာ နောင်တွင် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများအပြင် ခရီးသွား လုပ်ငန်း များပါ ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၁၀ ရက် နံနက်ပိုင်းတွင် တာချီလိတ်မြို့ရှိ Golden Triangle Mountain Resort ဟိုတယ်သို့ သွားရောက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID-19 ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဟိုတယ်ပြန်လည် ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှုနှင့် ဟိုတယ် မွမ်းမံပြင်ဆင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ-ထိုင်း အမှတ်() ချစ်ကြည်ရေး တံတားသို့ ရောက်ရှိပြီး COVID-19 အလွန် ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်ချိန်တွင် ခရီးသွားဧည့်သည်များ အဆင်ပြေလွယ်ကူချောမွေ့စွာ ဝင်/ထွက်နိုင်ရေးနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းများ အဆင်ပြေစေရေးတို့ အတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မိုင်းဖုန်းကျေးရွာရှိ မိုင်းဖုန်းဆရာတော် ကျောင်းသို့ သွားရောက်ကာ COVID-19 အလွန်ကာလတွင် ပြည်တွင်း/ပြည်ပ ခရီးသွား ဧည့်သည်များ ကျောင်းတော်သို့ လာရောက်ဖူးမြော်ရေးနှင့် ဘုရားဖူးခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေး အခြေအနေများကို ကြည့်ရှုပြီး ဝမ်ပုံစံပြကျေးရွာ အနီးရှိ ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ပြည်တွင်းဆိပ်ကမ်းသို့ သွားရောက်ကာ မဲခေါင်မြစ်တစ်လျှောက် ရေယာဉ်ဖြင့် လှည့်လည်ကြည့်ရှုသည်။

အဆိုပါ ဝမ်ပုံဆိပ်ကမ်းစစ်ဆေးရေးဂိတ်မှ လာအိုနိုင်ငံသားများကို Temporary Border Pass (TBP) ဖြင့် ()ညအိပ်()ရက် တာချီလိတ်မြို့အထိ ဝင်ရောက်လည်ပတ် ခွင့်ပြုပေး ထားသော်လည်း လက်ရှိအချိန်တွင် COVID-19 ကပ်ရောဂါကြောင့် ယာယီပိတ်ထားပါ ကြောင်း၊ မြစ်ကြောင်းတစ်လျှောက်တွင် ပြည်တွင်းခရီးသွားဧည့်သည်များ လာရောက်အပန်း ဖြေ လည်ပတ်နိုင်ရေးအတွက် ဖော်ထုတ်ဆောင်ရွက်နိုင်ပါက နောင်တွင် မြန်မာ-လာအို-ထိုင်း ()နိုင်ငံ နယ်စပ်တစ်လျှောက် အပျော်စီးမြစ်ကြောင်း လေ့လာရေးခရီးစဉ် ဖွံ့ဖြိုးတိုးတက်လာ နိုင်ပါကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Golden Triangle Paradise Resort ဟိုတယ် သို့ရောက်ရှိပြီး COVID-19 အလွန်ကာလ ကျန်းမားရေးသတ်မှတ်ချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာချီလိတ်မြို့ရှိ 1G1-11 ဟိုတယ်၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရွှေတြိဂံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ ကိုယ်စား လှယ်များ၊ ဟိုတယ်များမှ တာဝန်ခံများနှင့်အတူ တာချီလိတ်ခရိုင်အတွင်း ဟိုတယ်နှင့်ခရီးသွား ကဏ္ဍ ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံပွဲသို့ တက်ရောက်သည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက COVID-19 ကပ်ရောဂါကြောင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်မှာ ()နှစ်ကျော်ခန့်ရှိခဲ့ပြီးဖြစ်၍ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာရန်မှာ နိုင်ငံတော်အစိုးရ-ပြည်သူလူထု-လုပ်ငန်းရှင်များ အားလုံး ယုံကြည် မှုရှိရှိ အရှိန်အဟုန်ဖြင့် ပြန်လည်ပူးပေါင်းလုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကလည်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားပါကြောင်း၊ တာချီလိတ်ဒေသတွင် ပြည်တွင်း/ ပြည်ပခရီးသွားများ အား ဆွဲဆောင်နိုင်သော နေရာများစွာရှိသည့်အပြင် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသမြို့များ အနက် တစ်ခုဖြစ်သောကြောင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါကြောင်း၊ ထိုသို့ ဖော်ဆောင်ရာတွင်လည်း ယခုဖြစ်ပေါ်နေသော COVID-19 ကပ်ရောဂါအား သတိမေ့လျော့ပေါ့ဆမနေဘဲ ကျန်းမာရေးအသိဖြင့် လုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း ပြန်လည်ဉီးမော့လာရန်မှာ ဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာ များအပြင် အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ပြည်သူလူထု အားလုံး ဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်သွားကြရန် ပြောကြားသည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများက လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

(သတင်းစဉ်)