မန္တလေး ဧပြီ ၁၇
နှစ်သစ်ကူးအခါသမယ မြန့်မာ့နှစ်ဆန်းတစ်ရက်နေ့ ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန်ဖြင့် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ဗဟိုအကျဉ်းထောင်(မန္တလေး)မှ အကျဉ်းသား၊ အကျဉ်းသူ (၁၅၆၇)ဦး လွတ်မြောက်ခဲ့ကြသည်။
ထိုသို့ လွတ်မြောက်ခဲ့ကြသည့် အကျဉ်းသား၊ အကျဉ်းသူများကို ဗဟိုအကျဉ်း ထောင် (မန္တလေး)ရှိ ဓမ္မာရုံတွင် မန္တလေးတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနမှ ညွှန်ကြား ရေးမှူးဦးကျော်စိုးနှင့်မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမြို့ဆောင်တို့က ဩဝါဒစကားပြောကြားကြသည်။
ဗဟိုအကျဉ်းထောင်(မန္တလေး)မှ ယနေ့တွင်လွတ်မြောက်ခဲ့ကြသည့် အကျဉ်း သား၊ အကျဉ်းသူ (၁၅၆၇)ဦးတွင် အကျဉ်းသား(၁၃၀၀)နှင့် အကျဉ်းသူ (၂၆၇)ဦးတို့ ဖြစ်ကြပြီး ၎င်းတို့နေထိုင်ရာ မြို့အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေး သွား မည်ဖြစ်ကြောင်း ဗဟိုအကျဉ်းထောင်(မန္တလေး)မှ တာဝန်ခံအရာရှိ ဒုတိယ ညွှန်ကြား ရေးမှူး ဦးရဲရင့်နိုင် က ပြောကြားသည်။
(သတင်းစဉ်)