Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး မစ္စတာဖရန့်ဆွာ လက်ဖရက်နီးရဲခ်အား လက်ခံတွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၇

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး မစ္စတာဖရန့်ဆွာလက်ဖရက်နီးရဲခ်အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံလွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက် မှုပိုမိုမြှင့်တင်ရေး၊ လွှတ်တော်တွင်းအမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ် များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များ အရည်အသွေးမြှင့်တင်ရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်စနစ်ဆိုင်ရာ အတွေ့အကြုံများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 (သတင်းစဉ်)