Skip to main content

နိုင်ငံတော်နှင့်အတူ ပြည်သူများပူးပေါင်းဆောင်ရွက်

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်မှစတင်သည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်သည့် နိုင်ငံရေးအပြောင်းအလဲကြောင့် ဖြစ်ပေါ်လာမှုများကို ဖြေရှင်းဆောင်ရွက်နေသည်။ အဆိုပါဖြစ်စဉ်များကြောင့် ပြည်သူများ ထိခိုက်ခံစားရမှုများတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူများ လူမှုစီးပွားဘဝ ထိခိုက်ခံစားရမှုများ ပိုမိုများပြားပေသည်။ မည်သို့ပင်ဖြစ်စေ ဖြစ်ပေါ်လာသည့် ပြည်သူများ လူမှုစီးပွားဘဝ ထိခိုက်ခံစားရမှုများကို နိုင်ငံတော်က အတတ်နိုင်ဆုံး ကြိုးပမ်းဖြေရှင်း ဆောင်ရွက်ပေးနေသည်။ "မိမိတို့အစိုးရ၏စီမံခန့်ခွဲမှု၊ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်မှု အပေါ်တွင်မူတည်၍ လုပ်ငန်းရပ်များ ဆောင်ရွက်ရသည့်ကာလများ အပြောင်းအလဲ ဖြစ်ပေါ်လာနိုင်ကြောင်း၊ အချိန်ကာလ အားဖြင့် ခေတ္တတာဝန်ယူဆောင်ရွက်ရသည် ဆိုသော်လည်း ပြည်သူများ စားရေး၊ ဝတ်ရေး၊ နေရေး၊ ထိုင်ရေးကိစ္စများအား မဖြစ်မနေ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း” ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မည်သည့်အကြောင်းကြောင့် ဖြစ်စေ ပြည်သူများ၏ လူမှုစီးပွားဘဝလိုအပ်ချက်များကို နိုင်ငံ့တာဝန်ယူထားသော ကာလအတွင်း အကောင်းဆုံးစီမံခန့်ခွဲပေး နေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတာဝန်ကို ရယူဆောင်ရွက်ခဲ့ရသည်မှာလည်း စစ်မှန်သော ဒီမိုကရေစီ လမ်းကြောင်းမှသွေဖည်၍ မရိုးမသား၊ မမှန်မကန်လုပ်ခဲ့မှုများကြောင့် နိုင်ငံတော်၏ တာဝန်ကို မလွှဲမရှောင်သာဘဲ လွှဲပြောင်း တာဝန်ယူဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းသည် နိုင်ငံ၏ပကတိအခြေအနေ၊ ပကတိလိုအပ်ချက်များကို သွေဖည်ခြင်းမရှိဘဲ နိုင်ငံ၏သမိုင်းကြောင်းအစဉ်အလာ၊ ဝိသေသလက္ခဏာဂုဏ်ဒြပ်များနှင့် ဆီလျော်ကိုက်ညီသည့် ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည် တည့်မတ်တွန်းတင်ပေးနေခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည် တစ်ကမ္ဘာလုံး ကြုံတွေ့ခံစားနေရသည့် ရောဂါကပ်ဘေးဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်းလုံးနှင့်အတူ ရင်ဆိုင်ကျော်လွှားနေရသည် ဖြစ်ရာ အတိုင်းအတာတစ်ခုအထိရှိမည် ဖြစ်သည်။ နိုင်ငံရေးအခြေအနေမှာမူ နိုင်ငံ၏ပကတိဖြစ်စဉ်အမှန်တရားအပေါ် ချင့်ချိန်ဆင်ခြင်နိုင်ခြင်း ရှိ/မရှိနှင့် ပြည်သူများ ပူးပေါင်းပါဝင်နိုင်ခြင်း ရှိမရှိတို့အပေါ်မူတည်၍ နိုင်ငံပြန်လည်တည့်မတ် လျှောက်လှမ်းနိုင်ခြင်း၊ မလျှောက်နိုင်သေးခြင်းတို့ကို အဆုံးအဖြတ်ပေးနိုင်မည်ဖြစ်သည်။ မည်သို့သော အခြေအနေရှိသည်ဖြစ်စေ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ပြည်သူ ပြည်သားများ အားလုံး၏ အကျိုးစီးပွားကို အလေးအနက်ရှေးရှုပြီး ကောင်းမွန်သော အခြေအနေတစ်ခုသို့ အမြန်ဆုံး ရောက်အောင် ကြိုးပမ်းဆောင်ရွက်နေသည်။ အဓိကမှာ နိုင်ငံတော်အစိုးရ၏ကောင်းမွန်သော စီမံခန့်ခွဲဆောင်ရွက်ပေးနိုင်မှုနှင့် ပြည်သူများ၏ အသိတရားဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့သည် အရေးကြီးပေသည်။ နိုင်ငံတော်အစိုးရက ပြည်သူများ လူမှုစီးပွားဘဝ ပြန်လည်တည့်မတ် ကောင်းမွန်လာစေရေးအတွက် မည်မျှပင် ကြိုးပမ်းဆောင်ရွက်ပေးနေစေကာမူ ပြည်သူများက အသိတရားဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း မရှိပါက မျှော်မှန်း ထားသောခရီးပန်းတိုင်သို့ ရောက်ရှိရန် အချိန်ကြာမြင့်ခြင်း၊ အလှမ်းဝေးခြင်းတို့ ဖြစ်ပေါ်နေမည်ဖြစ်သည်။ လက်ရှိတွင် ပြည်သူများ၏လိုအပ်ချက်များကို လက်တွေ့ ကျကျဆောင်ရွက် ပေးနေသည်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖြစ်ပြီး နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း မရှိ၊ နိုင်ငံတော်အစိုးရကို ကန့်လန့်တိုက်နှောင့်ယှက်နေမှုများ ဆက်လက် လုပ်ကိုင်နေမည် ဆိုပါက အချိန် ရှည်ကြာ၍ ပြည်သူများပင် ဒုက္ခအခက်အခဲများနှင့် ကြုံတွေ့နေရမည် ဖြစ်သည်။ လက်ရှိတွင် ပြည်သူများကပ်ရောဂါဘေး ကင်းဝေးရေးအတွက် နှောင့်ယှက် ဖျက်ဆီးမှုများကြားမှပင် ရှိသည့်အင်အားဖြင့် အတတ်နိုင်ဆုံးကြိုးပမ်းကာကွယ် ထိန်းချုပ်ဆောင်ရွက်နေသည်ကို တွေ့ရမည် ဖြစ်သည်။ ထို့အတူ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုများ ရရှိအောင်လည်း ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရသည်။ နိုင်ငံတည်ငြိမ်အေးချမ်းမှသာ တရား မျှတသော ရွေးကောက်ပွဲကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ သင်ပေးကြရမည်ဖြစ်သည်။ ပြည်သူများ အရေးကို ဆောင်ရွက်ရာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအလိုက် ဆောင်ရွက်ရန်ရှိသည့်ကိစ္စများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရမည် သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူများလိုလားသည့် ဒီမိုကရေစီလမ်းကြောင်းကို စစ်မှန်ကောင်းမွန်စွာဖြင့် ဖော်ဆောင်ပေးလျက်ရှိပြီး ပြည်သူများ ယနေ့ရင်ဆိုင်ကြုံတွေ့နေရသော လူမှုစီးပွားအခက်အခဲများကို အချိန်တို ကာလ၊ သတ်မှတ်ကာလအတွင်း ကျော်လွှားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရနှင့် အတူ ပြည်သူများ အသိတရားဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်မည် ဖြစ်ပါကြောင်း။ ။