Skip to main content

နေပြည်တော် စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ မြို့တော် ခန်းမ၌ပြုလုပ်ရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပြင်ဦးလွင်ခရိုင်အတွင်း ကိုဗစ်-၁၉ ရေဂါ ဖြစ်ပွားမှု နှုန်းကျဆင်းရေး၊ ပြင်ဦးလွင်မြို့အား ပန်းမြို့တော်၊ အပန်းဖြေမြို့တော်၊ စိုက်ပျိုးရေး မြို့တော်ဖြစ်အောင် မြို့သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် လက်ရှိဆောင်ရွက်နေ သည့် ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင် ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ဝန်ကြီးချုပ်က ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့အား ဂုဏ်ပြု ချီးမြှင့်ငွေကျပ် ၁၀ သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်