Skip to main content

နေပြည်တော် စက်တင်ဘာ ၁၉

တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များ၊ သာသနာနွယ်ဝင်သီလရှင် စာသင်တိုက် များနှင့် တပ်ကုန်းမြို့ ဘိုးဘွားရိပ်သာသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက စုပေါင်းလှူဒါန်းသည့် အလှူငွေ ၁၃၀၅၄၅၀၀ ကျပ်၊ ဆန် ၃၆၅ အိတ် ၁၆ ပြည်၊ ဆီ ၁၀၉ ဒသမ ၇၀ ပိဿာ၊ ပဲ ၁၀၉၇ ပိဿာ၊ ဆား ၁၀၉၇ ပိဿာ၊ လက်သန့် ဆေးရည် ၁၀၉၇ ဘူးနှင့် ဆေးမျိုးစုံ ၁၅၂၄ ဘူးတို့ကို နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင်များက ငွေတောင်တောရကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော် ဘဒ္ဒန္တ ဝိဇ္ဇောတက အမှူးပြုသော သံဃာတော်များထံဆက်ကပ်လှူဒါန်း သည်။ ထို့နောက် နယ်မြေခံ တပ်မတော်သားများက သက်ဆိုင်ရာဘုန်းတော်ကြီးကျောင်းများ အသီးသီးသို့ လိုက်လံပို့ဆောင်၍ ဆက်ကပ်လှူဒါန်းပေးသည်။

အလားတူ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ရှိ အောင်မင်္ဂလာ ဘုန်းကြီးကျောင်းနှင့် ဇေယျခသုဘုန်းတော်ကြီး ကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရှမ်းချောင်းကျေးရွာရှိ ရှမ်းချောင်းဇေတဝန်ကျောင်းတိုက်၊ မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာရှိ မြိုင်သာယာသာသနာ့ဗိမာန်ကျောင်းတိုက်၊ ဧရာဝတီ တိုင်းဒေသကြီး၊ ဒေးဒရဲမြို့ရှိ မရမ်းကျောင်းတိုက်၊ ပေါ်တော်မူကျောင်းတိုက်၊ သာသနဝိသုဒ္ဓိ စစ်ကွင်းကျောင်းတိုက်နှင့် တော်တန်းကျောင်းတိုက်၊ မန္တလေး တိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်၊ စလေဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်