Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့် ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေး ထုတ်ပေးလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၁၉

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ အား လေကြောင်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိသည်။

ထိုသို့ထုတ်ပေးရာတွင်  စက်တင်ဘာ ၁၉  ရက်က ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ် တွင်  ကုမ္ပဏီသုံးခုမှ Pantabrooks Injection အခု ၂၀၀၀၊  Oxygen Concentrator  အခု ၄၀၀၊ နယ်စပ်(မြဝတီ၊ ချင်းရွှေဟော်) တွင် ကုမ္ပဏီကိုးခုတို့မှ  Oxygen Cylinder အခု ၈၀၀၊ Oxygen Concentrator  ၁၂ ခု၊ Mask ၆၀၅၀ Kg ၊ Cannula အခု ၅၀၀၀၊  Oxygen  Plant လေးခုတို့ကို  ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်