Skip to main content

အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခြင်းမရှိသော ဆူပူဆန္ဒပြမှုများနှင့် စပ်လျဉ်းသည့် ဖမ်းဆီး ထိန်းသိမ်းခဲ့သူ (၅၃၁၅)ဦးအား လွှတ်ပေးခဲ့ကြောင်းနှင့် သတင်းပို့ ဆက်သွယ်လာသူ (၇၀၂)ဦးတို့၏ အမှုများကိုပိတ်သိမ်း၊ ရုပ်သိမ်းပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ တပ်မတော်က တာဝန်လွှဲပြောင်းရယူခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ် ငန်းစဉ်(၅)ရပ်ချမှတ်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေး ဆောင်ရွက် လျက်ရှိရာ တည်ငြိမ်အေးချမ်းရေးကို မလိုလားသော နိုင်ငံရေးအစွန်းရောက် NLD ပါတီဝင်များနှင့် ၎င်းတို့ကိုထောက်ခံသူများ၊ CRPH နှင့် NUG တို့၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဆူပူဆန္ဒပြမှု များတွင် ပါဝင်ခဲ့သော်လည်း အကြမ်းဖက်လုပ်ရပ်များဖြစ်သည့် လူသတ်၊ လုယက်၊ မီးရှို့မှုများ၊ အများပြည်သူအား အုပ်စုဖွဲ့ တိုက်ခိုက်မှု၊ အစိုးရပိုင်၊ ပုဂ္ဂလိကပိုင်အဆောက်အဦများ ဖျက်ဆီးမှုနှင့် အခြားပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ထားခြင်းမရှိသူများ၊ CDM လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ နက်ရှိုင်းစွာ ကာယကံမြောက်ပါဝင်မှု မရှိသူများအား ၎င်းတို့အပေါ် အရေးယူထားမှုများကို ဥပဒေနှင့်အညီ ပြန်လည်ဖြေလျှော့ပေးခဲ့ရာ ဖမ်းဆီးထိန်းသိမ်းခဲ့သူ (၅၃၁၅)ဦးအား လွှတ်ပေးခဲ့ပြီးဖြစ်သည်။

ထို့အပြင် စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေသူများအား မိမိသဘောဆန္ဒအလျောက် ဆက်သွယ် သတင်းပို့ပါက အထက်တွင်ဖော်ပြခဲ့သည့် အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခြင်းမရှိပါက ၎င်းတို့ အပေါ်ရေးဖွင့်ထားသည့်အမှုများကိုလည်း ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းများ ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံ့ဝန်ထမ်းများအပါအဝင် သတင်းပို့ဆက်သွယ်သူ(၇၀၂)ဦးတို့၏ အမှုများကိုပိတ်သိမ်း၊ ရုပ်သိမ်းပေးခဲ့ပြီးဖြစ်သည်။ ဆက်လက်၍လည်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။