Skip to main content

သထုံမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အခြေခံရှာဖွေကယ်ဆယ်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

 

သထုံ စက်တင်ဘာ ၂၁

 

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (သထုံ)တွင် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက သဘာဝဘေးအန္တရာယ် ဆိုင်ရာ အခြေခံရှာဖွေကယ်ဆယ်ရေးသင်တန်းကို မွန်ပြည်နယ် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

 

အဆိုပါ ဖွင့်ပွဲအခမ်းအနားကို မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးဝင်း တက်ရောက်အမှာစကားပြောကြားပြီး ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကာ သင်တန်းကာလမှာ ရက်သတ္တ လေးပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း)၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၃၀ တို့တွင် ဆရာ ဆရာမများ ကြီးကြပ်လျက် ကျောင်းသား ကျောင်းသူများဖြင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့ (Rescue Team) များ ဖွဲ့စည်းထားပြီး သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်